ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့တဲ့ 2025 K -Tech Showcase မှာ Samsung ကနေ သူတို့ရဲ့ Tri-fold (၃ ခေါက်ချိုးဖုန်း) ကို ပြသခဲ့ပါတယ်။ တရားဝင်မိတ်ဆက်ခဲ့ခြင်းမဟုတ်ဘဲ အရိတ်အမြွတ်မျှသာ ဖော်ပြခဲ့တဲ့ပုံစံပါ။ အဲဒီနောက် SBS News နဲ့ Omolgyo Electronics ကနေ ဖော်ပြလာတဲ့ video အရ Samsung Tri-fold ကို အသေးစိတ်တွေ့ခဲ့ရပါတယ်။
Video ထဲမှာ ကြည့်ရသလောက်ကတော့ အရင် Foldable ပုံစံမျိုးပါပဲ။ Galaxy Z Fold 7 နဲ့ အတော်လေးဆင်တူတာကိုတော့ တွေ့ရမှာပါ။ အရမ်းဆန်းသစ်ထားတာတွေ မတွေ့ရသေးဘူး။ တစ်ခုရှိတာက Prototype ပဲဆိုရင် မပြောတတ်ပေမဲ့ Hinge ကြီးက ခေါက်ထားရင် သိပ်မလှသလို ခံစားရတယ်။ ဒါပေမဲ့ ဖြန့်ထားရင်တော့ သိပ်မသိသာဘူး။
ဖြန့်ထားချိန် ပါးပါးလေးဖြစ်နေတာက တစ်ခုကြည့်ကောင်းတယ်။ ဘေးဘက်က ကြည့်ရင်တောင် တော်တော်ပါးပါတယ်။ ၃ ခေါက်ချိုးဖုန်းနဲ့ပတ်သက်ပြီး Samsung နဲ့ Apple က အပြိုင် hit ဖြစ်နေတော့ ဘယ်သူအရင်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ Samsung က prototype တွေ အရင်ပြလာလို့ ပိုမျှော်လင့်လို့ရနိုင်တယ်လို့တော့ ဆိုရမှာပေါ့လေ။
Discussion