Samsung ကFlex Gamingလို့ခေါ်တဲ့ ခေါက်နိုင်တဲ့ Game Console ကို MWC 2025 (Mobile World Congress) မှာ ပြသခဲ့ပါတယ်။ Nintendo Switch နဲ့ တူတဲ့ဒီgameစက်မှာSamsungရဲ့Foldable OLED Display Technology ကိုအသုံးပြုပေးထားပါတယ်။

Flex Gaming Concept ရဲ့ အဓိက အချက်များခေါက်နိုင်တဲ့ OLED မျက်နှာပြင်7.2-inch Foldable OLED Display ပါရှိပြီး ၊Handheld Console တစ်ခုအနေနဲ့ ပေါ့ပါးစွာအသုံးပြုနိုင်အောင်ထုတ်လုပ်ထားပြီး ကြီးမားတဲ့Screen နဲ့ ကစားနိုင်သလိုသယ်ဆောင် ရလဲလွယ်ကူပါတယ်။

Analog Stick တွေကိုခေါက်တဲ့အခါမပျက်စီးစေဖို့ Cutout Design တစ်ခုထည့်သွင်းပေးထားပါတယ်။ဒီလိုခေါက်နိုင်တဲ့ Joystick Design ကိုGaming Console မှာတွေ့ရတာပထမဆုံးပဲဖြစ်နိုင်ပါတယ်။


Samsung မှာ ယခုအချိန်မှာတော့ ဒီဖုန်းကို Launch ဖို့ အတည်မပြုသေးပါဘူး။Prototype Concept သာဖြစ်ပြီး မဖြန့်ချီသေးပါဘူး။Nintendo Switch 2 နဲ့ ယှဉ်ပြိုင်နိုင်မလားဆိုတာကလဲမသေချာသေးပါဘူး။ဈေးနှုန်း၊ ထွက်ရှိမည့်ရက်၊ Specs တွေအကြောင်းကို Samsung မှတရားဝင်ကြေညာခြင်းလဲမရှိသေးပါဘူး။