Samsung ရဲ့FE Model အတွက်ကောလာဟလအချို့

Samsung ရဲ့FE Model အတွက်ကောလာဟလအချို့

Samsung ၏ Galaxy S24 FE ကို 2024 အောက်တိုဘာလတွင် ထွက်ရှိထားခဲ့ပြီး S25 FE အတွက်ကောလဟာလများအချို့လဲထွက်ပေါ်လာသည်။ထွက်ပေါ်လာသည့်ထဲမှအများစိတ်ဝင်စားနေတာကတော့ chipset အပိုင်းပါ S24 FE တွင်အသုံးပြုထားသည့် Exynos chipset နှင့်လာမည်ဟု ကနဦးသိထားရသော်လည်းအနည်းငယ်ကွဲပြားလာနိုင်သည့်အခြေအနေရှိသည်။

ယနေ့ထွက်ပေါ်လာသည့်သတင်းအသစ်အရ Samsung သည် Dimensity 9400 SoC ကို အသုံးပြုနိုင်သည်ဟု ဆိုသည်။ သို့သော်လည်းရာနှုန်းပြည့် မသေချာသေးပါ Samsung သည်အရင်ရွေးချယ်ထားသော Exynos 2400e ကိုသုံးရန်အကြံရှိနေဆဲဟုလဲပြောဆိုနေကြသေးသည်။

Samsung ၏ စက်ရုံတွင် Exynos 2400e ချစ်ပ်များ လုံလောက်စွာ မပြုလုပ်နိုင်ခဲ့ပါက Dimensity 9400 သို့ ပြောင်းရန်သာအခြေအနေရှိလာမည်ဖြစ်သည်။ S25 FE တွင် Dimensity 9400 ကိုမြင်တွေ့ခဲ့ရရင်သံသယဖြစ်ဖွယ်ရှိနိုင်မည်မဟုတ်ပါ အကြောင်းကတော့ Dimensity ရဲ့စွမ်းဆောင်ရည်ကပိုမိုကောင်းမွန်သောကြောင့်ဖြစ်သည်။Samsung အနေနဲ့ကတော့ ပိုမိုစျေးသက်သာသည့် ကိုယ်ပိုင် chip ကိုသာအသုံးပြုလိုလိမ့်မည်ဟု ပြေဆိုနေကြသည်။

S25 FE သည် ၎င်း၏ယခင်မျိုးဆက်များနှင့် နှိုင်းယှဉ်ပါက အဆင့်မြှင့်တင်မှုများတွင် မသိသာသောအနည်းငယ်မျှသာမြင့်လာသောကြောင့် Chipset ကိုပြောင်းလဲခြင်းက ရောင်းအားကို အနည်းငယ်တိုးတက်လာစေမည်လို့လဲထင်ကြေးပေးနေကြသည်။ယခုအခါ S25 FE မိတ်ဆက်ရန်ဝေးကွာနေသောအချိန်ဖြစ်သောကြောင့်ထွက်ရှိလာသောသီတင်းများမှာတိကျရန်ဝေးကွာနေပါသေးသည်။

Read more

ကာလရှည်ပစ်မှတ် ဇူဘီမန်ဒီကို ခေါ်ယူဖို့ အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

ကာလရှည်ပစ်မှတ် ဇူဘီမန်ဒီကို ခေါ်ယူဖို့ အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

အာဆင်နယ်အသင်းဟာ ကာလရှည်ကြာခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကို ဆိုစီဒက်အသင်းကနေ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပါတယ်။ ဇူဘီမန်ဒီ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

၀ုလ်ဗ်စ် - ဘရိုက်တန် (ပရီးမီးယားလိဂ်) (10 May 2025/ 8:30 pm) ၀ုလ်ဗ်စ်က ရမှတ်(၄၁)မှတ်နဲ့ အဆင့်(၁၃)မှာ ရပ်တည်နေပြီး ဘရိုက်တန်က ရမှတ်(၅၂)မှတ်နဲ့ အဆင့်(၁၀)နေရာမှာ ရပ်တည်နေတယ်

လီဗာပူးလ်အသင်းကို အာဆင်နယ်အသင်း Guard of honour နဲ့ ကြိုဆိုမယ်လို့ နည်းပြအာတီတာ အတည်ပြု

လီဗာပူးလ်အသင်းကို အာဆင်နယ်အသင်း Guard of honour နဲ့ ကြိုဆိုမယ်လို့ နည်းပြအာတီတာ အတည်ပြု

အာဆင်နယ်အသင်းဟာ အန်ဖီးလ်ကွင်းမှာသွားရောက်ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချန်ပီယံလီဗာပူးလ်အသင်းကို Guard of honour နဲ့ ကြိုဆိုမယ်လို့ နည်းပြအာတီတာ

PC နဲ့ Laptop တွေမှာပါ သုံးလို့ရတော့မယ့် Huawei ရဲ့Harmony OS

PC နဲ့ Laptop တွေမှာပါ သုံးလို့ရတော့မယ့် Huawei ရဲ့Harmony OS

Huawei ကိုယ်ပိုင် OS ဖြစ်တဲ့ Harmony OS ကတော့ တဖြည်းဖြည်းနယ်မြေချဲ့ထွင်မှုကတော့ အတော်လေးအားကောင်းနေတယ်လို့ ဆိုရမှာပါပဲ။ မနှစ်ကပဲ Huawei ရဲ့ စမတ်ဖုန်းနဲ့ Tablet မော်ဒယ်အချို့မှာ Harmony