Scale AI ပိုင်းအတွက်ပြင်ဆင်နေသည့် Meta

Meta မှ Artificial Intelligence Startup Scale AI အတွက်ဒေါ်လာ ၁၀ ဘီလီယံခန့်ရင်းနှီးမြုပ်နှံရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Bloomberg သတင်းက တနင်္ဂနွေနေ့တွင်ဖော်ပြခဲ့သည်။

သဘောတူညီချက်၏ စည်းကမ်းချက်များမှာ အပြီးသတ်မပြီးသေးဘဲ ပြောင်းလဲနိုင်ဆဲဖြစ်ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူများ၏ပြောကြားချက်ကို ကိုးကားဖော်ပြလာခြင်းဟုသိရသည်။

2016 ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Scale AI သည် tech giant Nvidia မှကျောထောက်နောက်ခံပြုထားသောအဖွဲ့အစည်းတစ်ခုလဲဖြစ်သည်။

အဆိုပါသီတင်းနှင့်ပက်သတ်၍ Scale AI နှင့် Meta တို့ဘက်ကိုမေးမြန်းမှုများအတွက်တစ်စုံတရာ ဖြေကြားလာခြင်းမျိုးမရှိသေးဟုလဲဖော်ပြထားပါသည်။