ကောင်မလေးနဲ့ Date လို့လည်းကောင်း အရသာလည်းကောင်းတယ့် Korean ခေါက်ဆွဲဆိုင်တစ်ဆိုင်

ကောင်မလေးနဲ့ Date လို့လည်းကောင်း အရသာလည်းကောင်းတယ့် Korean ခေါက်ဆွဲဆိုင်တစ်ဆိုင်

မင်မင် ဒီနေ့ပြောပြပေးမယ့် ခေါက်ဆွဲဆိုင်လေးကတော့ Seoul K ဆိုတယ့်ခေါက်ဆွဲဆိုင်လေးဘဲဖြစ်ပါတယ်။ ဆိုင်အတွင်းပိုင်းအပြင်အဆင်‌လည်း လှလှပ‌ပလေးလုပ်ထားပြီး လူငယ်ဆန်တာကြောင့် လူတော်တော်များများလည်း လာစားကြပါတယ်။ Music လေးလည်းဖွင့်ပေးထားတာဖြစ်ပြီး ကိုယ်ကြိုက်နှစ်သက်တယ့် Song ကိုလည်းပြောင်းပေးခိုင်းလို့ရတယ်နော်။ Service ပိုင်းလည်းအဆင်ပြေတယ့်အပြင် မင်မင်သဘောကျတယ့် ခေါက်ဆွဲဆိုင်ထဲက တစ်ဆိုင်လို့တောင်ပြောလို့ရတယ်။ ကဲ အများကြီးမပြောတော့ဘူး အရသာလေးကိုပြောပြမယ်။ မင်မင်မှာစားဖြစ်တာလေးကတော့.....

Beef Noodle- 6500 MMK

Noodle မှာဆိုရင် သူ့မှာတော့ အလွတ်လည်းရှိတယ်ပေါ့နော်။ Korean Spicy Noodle ကတော့ 4500MMK ဖြစ်ပါတယ်။ ဒီကာလနဲ့တော့ ဈေးကြီးတယ်လို့တော့ပြောလို့မရဘူးပေါ့ ဈေးသင့်တယ်။ Spicy Level ကလည်း Level 7ထိရှိပြီး မင်မင်မှာလိုက်တာကတော့ Level 3ပါ။ စောင့်ရတာအရမ်းလည်းမကြာဘူး။ မင်မင်က Korean ခေါက်ဆွဲဆို အမဲသားနှင့်စားနေကြမို့ အမဲသားနဲ့ဘဲမှာဖြစ်လိုက်တယ်။ ‌အမဲသားနဲ့က စားလို့ကောင်းပေမယ့် အကြောလေးတွေပါတာမို့ စားရတာတော့ နည်းနည်းလေးအခက်တွေ့စေတယ်။ ခေါက်ဆွဲရဲ့ အရသာကတော့ နည်းနည်းလေးချဉ်ပြီးစားလို့ကောင်းတယ်။ ချဉ်တာလည်း ခေါက်ဆွဲထဲ ထည့်ထားတဲ့ Kimchi ကြောင့်ပေါ့။ တခြားပါဝင်တာတွေကတော့ red cabbage၊ ကြက်အူချောင်း၊ ကြက်ကြောလုံးနှင့် ပန်းပွင့်စိမ်းပါတယ်။ Level 3ဆိုပေမယ့် ပုံမှန်သူဆို အနည်းငယ်လေးစပ်မယ်ပေါ့နော်။

Takoraki - 3000MMK

Takoraki ကတော့ အပြင်သားလေးက ကြွပ်ပြီး အတွင်းသားကတော့ နူးညံ့တယ်။ တစ်ပွဲမှာ 6လုံးပါပြီး တန်တယ်ဆိုတယ့် ခံစားချက်မျို့ရတယ်။ Mayonnaise နှင့် Chilli sauce တစ်မျိုး စမ်းပေးထားပြီး အတွင်းမှာ ပြောင်းဖူးစေ့လေးတွေကိုလည်းပါတယ်။

မင်မင့်အမြင်ကတော့ ဒီဆိုင်လေးကဖွင့်ထားတာဆို 2လလောက်ဘဲရှိသေးတယ် ဒါပေမယ့် စားသုံးသူတွေတော်တော်များများလာတယ်။ စားရတာလည်း တန်ပြီး အရသာရှိတယ်လို့တော့မြင်မိတယ်။

Seoul K 7-Levels Korean Spicy Noodle · Gyo Phyu St, Yangon 11221, Myanmar (Birma)
★★★★☆ · Koreaans restaurant
ဆိုင်လိပ်စာ - အမှတ် ၂၀-၂၂၊ ဂျိုးဖြူလမ်း (အောင်ဆန်းကွင်းဝင်ပေါက် မျက်နှာချင်းဆိုင်)၊ မဂ်လာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
ဖုန်း - 09444549491
ဆိုင်ဖွင့်ချိန် - မနက်(10)နာရီ မှ ည(8)နာရီ
https://www.facebook.com/seoulk7levelskoreanspicynoodle

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်