5 Netflix Games you should try

Netflix က Gaming ကိုမိတ်ဆက်ပြီးတဲ့နောက် ထွက်လာတဲ့ဂိမ်းတွေက အတော်လေး Graphics ကောင်းတာရှိသလို၊ Gameplay မိုက်ပြီး Indie ပုံစံဖြစ်နေတဲ့ ဂိမ်းတွေလည်းရှိပါတယ်။ တစ်ချို့ဂိမ်းတွေဆိုရင် Personally အရပြောရရင် Standalone ထွက်သင့်တဲ့အထိ မိုက်တဲ့ဂိမ်းတွေပါပါတယ်။ ဆိုတော့ Netflix ကြည့်နေတဲ့သူတွေရှိရင် စမ်းဆော့ကြည့်သင့်တဲ့ Netflix Game 5 ခုကို မိတ်ဆက်ပေးချင်ပါတယ်။

၁. Stranger Things: 1984 Stranger Things လည်းကြိုက်တယ်။ 8-bit Graphics လည်းကြိုက်သူတွေအတွက် အဆင်ပြေစေမယ့် ဂိမ်းဖြစ်ပါတယ်။ Character တွေလည်းစုံပြီး ချစ်စရာကောင်းတဲ့ဂိမ်းလေးဖြစ်ပါတယ်။

၂. Layla HorizonAdventure Type ဖြစ်သလို 3D Graphics တွေကချစ်ဖို့ကောင်းလို့ Recommend ဖြစ်တဲ့ဂိမ်းပါ။ Mission Base ကစားလို့ရသလို၊ Mini Open World လည်းကစားလို့ရပါတယ်။ လေပေါ်ပျံတဲ့ဂိမ်းကြိုက်သူတွေ အရသာတွေ့မယ့် ဂိမ်းပါ။

၃. High Waterကမ္ဘာကြီးတစ်ခုလုံး ရေနစ်သွားတဲ့ Post Apocalyptic World ထဲမှာ Turn Base အနေနဲ့ ကစားရမယ့် Game ဖြစ်ပါတယ်။ ထူးခြားတာက ဂိမ်းကအသံမပါပဲ၊ Graphics တွေလည်းမိုက်တာပါပဲ။ Strategic Text Base Game ဖြစ်ပါတယ်။

၄. Into the Dead 2FPP နဲ့ဆော့ရမယ့်ဂိမ်းဖြစ်တာမို့ Motion Sickness ရှိသူတွေ ကစားဖို့ Recommand မပေးလိုပါဘူး။ Into the Dead က Netflix အပြင်တစ်ခါး Platform တွေမှာလည်း Standalone ရှိတာမို့ စမ်းကြည့်သင့်တဲ့ဂိမ်းဖြစ်ပါတယ်။

၅. Terra Nilပျက်စီးနေတဲ့ကမ္ဘာကြီး Waster Land ကြီးပေါ်မှာ Sustainable Technology တွေကိုအသုံးပြုပြီး Survive လုပ်ရမှာဖြစ်ပါတယ်။ ဆိုတော့ Sim City ကစားဖူးသူတွေဆိုရင် အဆင်ပြေမယ့် ဂိမ်းပဲဖြစ်ပါတယ်။ဒီဂိမ်းတွေကတော့ သင့်မှာ Netflix အကောင့်ရှိတယ်ဆိုရင် ကစားကြည့်သင့်တဲ့ ဂိမ်းတွေပဲဖြစ်ပါတယ်။ Android ရော၊ iOS ဂိမ်းတွေကိုရယူနိုင်ပါတယ်။