မိန်းမတစ်ယောက်ရဲ့အပြင်အဆင်က အဝတ်အစားတစ်ခုတည်းနဲ့ပြည့်စုံနေလို့မရပါဘူးနော်။ကိုယ်ဝတ်ဆင်ထားတဲ့အဝတ်အစားနဲ့လိုက်ဖက်တဲ့ ဖိနပ်လေးလည်းဖြစ်ဖို့လိုအပ်ပါတယ်။ပြောချင်တာကတော့ လူတစ်ယောက်ဟာ ချဲ့ရင်ချဲ့သလောက် ဖိနပ်အရံပေါင်း အမျိုးအစားပေါင်းများစွာဝယ်လို့ရပါတယ်။နောက်တစ်ချက်ကမဖြစ်မနေ ဒီဖိနပ်လေးတွေရှိမှ ဖြစ်မှာလားလို့မေးရင်တော့ အဲ့လိုရယ်လည်းမဟုတ်ပါဘူး။ ခုခေတ်ကသွားလာရတဲ့နေရာ၊ ပွဲတွေစတာတွေဆိုရင်အခုပြောပြမဲ့ဖိနပ်လေးတွေရှိရင်ပိုအဆင်ပြေစေပါတယ်။
Flat Shoes
ပါးလွာပေမယ့်က Shoe ဖြစ်တဲ့အတွက်ကြောင့် ပွဲတွေဘာတွေတက်ရင်လည်းလိုက်ဖက်တယ်။ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်မှုအပြည့်အ၀ ခံစားချက်ကိုရချင်တယ်ဆိုရင်တာ့ Flat လေးတွေစီးပါ။

Boots
အခုခေတ်ကောင်မလေးတွေက အခုနောက်ပိုင်း Boots လေးတွေပြန်စီးလာတာတွေ့ရပါတယ်။အရင်တုန်းက Boots ဖိနပ်တွေဆို Dr.Martin လောက်ပဲဒီမှာအစီးများကြတယ်။နောက်ပိုင်းမှာတော့ Outfits နဲ့လိုက်ဖက်တဲ့ Boots အမျိုးအစားအစုံရွေးချယ်လာကြတာသတိထားမိပါတယ်။Boots ဖိနပ်လေးတွေကစီးလိုက်ရင် သက်တောင့်သစ်သာဖြစ်ပြီး အထာကျသွားသလို ခံစားရတာကြောင့် လေဒီတွေအတွက်တော့ကွက်တိပါနော်။

Sneakers
သူငယ်ချင်းတွေနဲ့ အပြင်သွား၊မုန့်ထွက်စားတာမျိုးဆိုရင်ပေါ့ပေါ့ပါးပါး စီးသွားလို့အဆင်ပြေပါတယ်။စကတ်၊ဘောင်းဘီတို့၊ Dress လေးတွေနဲ့ တွဲဝတ်ရင်လည်းလူငယ်ဆန်တယ်နော်။ထသွားထလာတင်မက ခရီးသွားမယ်ဘာညာဆိုလည်းသူကအရေးပါတယ်လေနော်။ White Sneaker လေးတွေဆိုရင်တော့ပိုကောင်းပါတယ်။ဘယ် Outfits Color နဲ့မဆိုလိုက်ပါတယ်။

Sandals
တစ်ချို့ကောင်မလေးတွေက ခြေထောက်မှာ ကြိုးလေးတွေသိုင်းတဲ့ဖိနပ် ဒီဇိုင်းမျိုး၊ကွင်းသိုင်းထားတဲ့ပုံစံရှပ်ရှပ်လေေးတွမှကြိုက်တယ်ဆိုတဲ့သူတွေအတွက် Sandals ဖိနပ်လေးတွေက စိတ်ကျေနပ်မှုပေးနိုင်မှာပါ။အခုကလည်းနေရာသီဆိုတော့ Sandals ဖိနပ်လေးတွေကအလိုက်အဖက်ဆုံးပါနော်။

Kelly ( Akhayar Lifestyle)
Photos Credit- Pinterest
Discussion