ချစ်ခြင်းတရားရဲ့ သင်္ကေတအရောင်လို့ ဆိုလိုက်ရင် သင် ဘယ်အရောင်ကို ပြေးမြင်မိပါသလဲ? ဒီအကြောင်းအရာဟာ ချစ်သူရှိသူတွေအတွက် ပိုမိုသက်ဆိုင်သွားမယ်ဆိုရင် ဦးစွာတောင်းပန်လိုက်ပါတယ်။ တကယ်က လောလောဆယ် FA ဖြစ်နေပေမယ့် နောက်အနာဂါတ်မှာ အသုံးဝင်ချင် ဝင်လာနိုင်တာဆိုတော့ Save ထားတာဖြစ်ဖြစ်တော့ လုပ်လိုက်ပါ။ တစ်ချိန်ချိန်မှာ အသုံးဝင်လာ နိုးနိုးပေါ့လေ။
ချစ်ခြင်းကို ပုံဖော်မယ့် အရောင်တစ်ရောင်လို့ ပြောမယ်ဆို ပန်းရောင်ကိုပဲ အများစုက ပြေးမြင်ကြမှာပါ။ နူးညံ့ခြင်း၊ လှပခြင်းတွေနဲ့ ပြည့်စုံတဲ့ ပန်းရောင်လေးကို အသုံးပြုပြီး သင့်ချစ်သူရဲ့ နှုတ်ခမ်းဖူးဖူးလေးပေါ်က အပြုံးပန်းပွင့်လေးတွေကို ဖန်တီးယူကြရအောင်။ ကမ္ဘာပေါ်မှာ ဂုဏ်ယူစရာအကောင်းဆုံး ယောက်ျားတစ်ယောက်ဖြစ်ဖို့ လက်တစ်ကမ်းသာ လိုပါတော့တယ်။

အဆင့် (၁)
အရင်ဆုံး ပန်းရောင်ဗူးလှလှလေး တစ်ဗူးဝယ်ပါ။
အဆင့် (၂)
Vivo V15 ရဲ့ အသစ်ထွက် Blossom Pink (Limited Edition) လေးတစ်လုံးကို နီးစပ်ရာ ဖုန်းဆိုင်မှာ မေးဝယ်ပါ။ Limited Edition ဖြစ်လို့ မြန်မာနိုင်ငံက လူအနည်းငယ်နဲ့ သင့်ချစ်သူမှာသာ ဒီဖုန်းလေး ရှိနေမှာ ဖြစ်ပါတယ်။
အဆင့် (၃)
နှင်ဆီဖူးအဖြူရောင်လေးတွေ အဖူး ၃၀ ခန့် (ဗူးအရွယ်အစားပေါ်မူတည်၍ ပြောင်းလဲနိုင်သည်) ဝယ်ထားပါ။ ပြီးရင်တော့ နှင်းဆီပွင့်ချပ်လေးတွေကို ခြွေထားလိုက်ပါ။
အဆင့် (၄)
ခြွေထားတဲ့ နှင်းဆီပွင့်ချပ်လေးတွေကို ဗူးထဲမှာခင်းပြီး Blossom Pink ဖုန်းလေးကို ပါကင်ထဲကထုတ်ကာ နှင်းဆီပွင့်လေးတွေပေါ်မှာ ရွရွလေး တင်ထားလိုက်ပါ။ ပြီးရင်တော့ ဗူးလေးကို အဖုံးပိတ်လိုက်လို့ရပါတယ်။ စိတ်ပါရင် နှင်းဆီပွင့်ချပ်တွေပေါ် ရေမွှေးဖြန်းချင်၊ ဖြန်းထားလို့ရပါတယ်။ အရမ်းအနံ့စူးတာမျိုးတော့ ရှောင်ပါ။

ဒီလောက်ဆိုရင်တော့ ချစ်သူကို လက်ဆောင်ပေးမယ့် ပန်းရောင် ဗူးလေးတစ်ခု အဆင်သင့် ဖြစ်သွားပါပြီ။ ဒါနဲ့စကားမစပ် ဒီလက်ဆောင်ဗူးလေးကို ဖွင့်လိုက်တဲ့အချိန် သင့်ချစ်သူဖြစ်သွားမယ့် မျက်နှာပေးလေးတွေ၊ ကြည်နူးပီတိတွေကို Vivo ရဲ့ Portrait Mode လေးနဲ့ မှတ်တမ်းတင်ထားဖို့ မမေ့ပါနဲ့။
ချစ်သူတိုင်း ညားကြပါစေ အချစ်စစ်တို့ဟာလည်း ထာဝရတည်မြဲကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ V15 Blossom Pink (Limited Edition) ကိုတော့ 479,000 Kyats နဲ့ နီးစပ်ရာ Vivo အရောင်းကောင်တာတွေမှာ ဝယ်ယူရရှိနိုင်ပါပြီ။
အခရာ (www.akhayar.com)
Discussion