စင်ကာပူဟာ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံးနဲ့ ယဉ်ကျေးမှုအနုပညာအကြွယ်ဝနိုင်ဆုံး နိုင်ငံ ဖြစ်ပါတယ်။ တစ်ချို့ကတော့ စင်ကာပူကို အစားအသောက် ချစ်မြတ်နိုးတဲ့သူတွေအတွက် သုခဘုံအဖြစ် မြင်ကြသလို၊ တစ်ချို့ကတော့ တစ်နေရာတည်းမှာ သွားလည်စရာနေရာတွေ စုပြုံနေတဲ့ နေရာလေး တစ်ခုအဖြစ် မှတ်မိလေ့ရှိပါတယ်။ ကျွန်တော့်လို ဓာတ်ပုံပိုးတစ်ယောက် အတွက်က ခေတ်ဆန်ဆန် နည်းပညာတွေနဲ့ ဗိသုကာ လက်ရာတွေ၊ ကိုလိုနီအမွေအနှစ် အဆောက်အဦတွေနဲ့ အရမ်းလှတဲ့ လမ်းရှုခင်းတွေကြောင့် စင်ကာပူဆိုတာ ခဏခဏပြန်လာချင်မိတဲ့ နေရာတစ်ခုပါပဲ။ စင်ကာပူမှာ ရှိတဲ့ မကုန်ဆုံးနိုင်တဲ့ လည်ပတ်စရာနေရာတွေနဲ့ လှပတဲ့ ရှုခင်းတွေကြောင့် စင်ကာပူဟာ ဓာတ်ပုံဆရာတိုင်းအတွက် မသွားမဖြစ် သွားရမယ့် နေရာတစ်ခုဖြစ်လာပါတယ်။ ပြောရမယ်ဆိုရင် လူတိုင်းအတွက် အမှတ်တရ တစ်ခုခုပေးစွမ်းနိုင်တဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ စင်ကာပူမှာ လူတိုင်းအတွက် တစ်ခုခုတော့ ရှိတယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေကို မြတ်နိုးတဲ့သူတွေ၊ သဘာဝကို ချစ်မြတ်နိုးပြီး စွန့်စားရတာ ကြိုက်တဲ့သူတွေ၊ အစားအသောက် ကြိုက်တဲ့သူတွေ၊ လူတိုင်းအတွက် အမျိုးစုံ ရှိနေတယ်။

အခြေအနေတွေ ပြန်ကောင်းလာပြီဆိုတာနဲ့ ကျွန်တော်စင်ကာပူကို ပြန်သွားပြီး လည်ပတ်ချင်တယ်။ ခုလောလောဆယ်မှာတော့ ကျွန်တော်အရင်သွားခဲ့တဲ့ အမှတ်တရတွေကို ဓာတ်ပုံဒိုင်ယာရီလေး တစ်ခုအဖြစ် ဖန်တီးကြည့်လိုက်တယ်။  အားလုံးလည်း နောက်စင်ကာပူကို သွားလည်မယ် ဆိုရင် လမ်းညွှန်တစ်ခုအနေနဲ့ သုံးလို့ရအောင်ပေ့ါ။ ကျွန်တော် သွားလည်ရတာ အကြိုက်ဆုံး နေရာတွေကို သိချင်တယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ကြဗျာ။ ဒီထဲမှာ ဓာတ်ပုံအရမ်းရိုက်လို့ကောင်းမယ့်နေရာတွေ။ Instagram အတွက် အလှဆုံးဖြစ်အောင် ရိုက်ပေးနိုင်တဲ့ နေရာတွေ၊ ဓာတ်ပုံရိုက်ဖို့ အကြံပေးချက်လေးတွေလည်း ထည့်ပေးထားပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုအနေနဲ့ စင်ကာပူမှာ ဓာတ်ပုံ ရိုက်ချင်တယ်ဆိုရင် မနက်စောစောဖြစ်ဖြစ်၊ ညနေစောင်းဖြစ်ဖြစ် သွားဖို့ အကြံပေးလိုက်ပါရစေ။ အဲ့ဒီနေရာတွေကို နေ့လယ်ပိုင်းသွားမယ်ဆိုရင် အလည်လာတဲ့သူတွေနဲ့ ပြည့်နေမယ့်အပြင် အလင်းရောင်ကလည်း အရမ်းစူးနေလိမ့်မယ်။ အေးချမ်းပြီး အလင်းရောင်ကောင်းတဲ့ မနက်အစောပိုင်းနဲ့ ညနေစောင်းပိုင်းဆိုရင် ဓာတ်ပုံ ရိုက်လို့ ပိုကောင်းပြီး အရမ်းပူတဲ့နေ့လယ်ဘက်ကတော့ အဆင်ပြေဖို့ ခက်ခဲလိမ့်မယ် လို့ အကြံပေးလိုက်ပါရစေ။

Fort Canning Park

စင်ကာပူရဲ့ Orchard လမ်းမကြီးပေါ်က အရမ်းစည်ကားပြီး ဈေးဝယ်ထွက်လို့ရတဲ့ နေရာကြီးတစ်ခုဖြစ်တဲ့ Fort Canning Park က (၁၄) ရာစုကတည်းက သမိုင်းဝင် နေရာတစ်ခုဖြစ်ပါတယ်။


တော်ဝင်မိသားစုတွေ ကနေ အစိုးရနဲ့ စစ်တပ်အခြေစိုက်စခန်းတွေရှိလာတဲ့ ကိုလိုနီခေတ်အထိ ဒီနေရာဟာ စင်ကာပူရဲ့ သမိုင်းမှာ အရေးပါခဲ့ပုံတွေ ကို ခံစားသိမြင်နိုင်မှာပါ။ ဒီနေ့ခေတ်မှာတော့ ဒီတောင်ကုန်းက စိမ်းလန်းစိုပြည်နေပြီး အစား အသောက်ပွဲ၊ ရိုးရာယဉ်ကျေးမှုပွဲကအစ၊ ဂီတပွဲအဆုံး လူစည်းကားတဲ့ပွဲတွေကျင်းပတဲ့ နေရာတစ်ခု လည်း ဖြစ်နေပါပြီ။ ကင်မရာတစ်လုံးကိုင်ပြီးတော့သာ ဒီပန်းခြံထဲ လျှောက်သွားလိုက်မယ်ဆိုရင် ဓာတ်ပုံ ရိုက်စရာ နေရာတွေ အများကြီး တွေ့ရမှာပါ။ Instagram မှာ ပုံတင်ဖို့အတွက် အကောင်းဆုံးနေရာကို ပြပါ ဆိုရင် မြေအောက်ဖြတ်ကူး ဥမင်လှိုဏ်ခေါင်းကို ဦးတည်ထားတဲ့ ကျောက်သားခင်းလမ်းလေးပါပဲ။ ကိုယ့် ချစ်သူ လေးနဲ့ အမြဲတမ်းအမှတ်တရဖြစ်သွားအောင် ပို့စ်ပေးလို့ရတယ်ဗျာ။
ဓာတ်ပုံတွေမရိုက်ခင်သိထားရမှာက - တိမ်တွေထူနေတဲ့ ကောင်းကင်ကြီးနဲ့ ကျောက်ခင်းတွေရယ် စိမ်းပြာရောင် တောက်နေတဲ့ နံရံကြီးကြားထဲမှာ အလင်းရောင်ကတော့ ကောင်းသလား မမေးနဲ့နော်။ ဒီပုံထဲမှာ ဆိုရင် Subject နဲ့ Lens နဲ့ Focal Length အကွာအဝေးကို သေချာပေါင်းပြီး ကိုယ်ကြိုက်သလို နက်နက် ရှိုင်းရှိုင်း၊ ဒါမှမဟုတ် တိမ်နေတဲ့ပုံကို ဖန်တီးယူနိုင်တယ်လေ။ ဒါက ဓာတ်ပုံပညာမှာ အရေးကြီးတဲ့ composition တစ်ခုပါ။

ဓာတ်ပုံတွေမရိုက်ခင်သိထားရမှာက- ဓာတ်ပုံရိုက်ဖို့အတွက် နောက်ထပ်အကြိုက်ဆုံး နေရာတစ်ခုကတော့ Fort Canning Road နဲ့ Penang Road ကို ဆက်ထားတဲ့ မြေအောက်လမ်းမကြီးနားက Spiral Staircase လို့ခေါ်တဲ့ ကြောင်လိမ်လှေကားပါပဲ။ အဲ့ဒီ ဥမင်လှိုဏ်ခေါင်းရဲ့ အဆုံးရောက်တာနဲ့ အပေါ်မော့ကြည့်လိုက်ရင် ရွှေဝါရောင်သစ်ပင်ကြီးနဲ့ အစိမ်းရောင် တိုက်ကပ်နွယ်ပင်တွေ ဖုံးအုပ်ထားတဲ့ ခေါင်းတိုင်ကြီးကို တွေ့ရမှာပါ။ အပေါ်ကိုထောင်ပြီး ဓာတ်ပုံရိုက်မယ် ဆိုရင်တော့ အပြာရောင်တောက်ပနေတဲ့ ကောင်းကင်ကြီးကို နောက်ခံအနေနဲ့ ရိုက်လို့ရတာဆိုတော့ ကွက်တိပဲ ဗျာ။ကင်မရာကိုအလျားလိုက်အနေအထားနဲ့ကိုင်ပြီးတော့ရိုက်ကွင်းနဲ့မျက်စိ တစ်တန်းတည်းကျတဲ့ “eye-level angle” ၊ကင်မရာကို အောက်စိုက်ပြီးထားတဲ့ အနေအထား “high angle” ၊ ကင်မရာကို အပေါ်ကိုထောင်ရိုက်တဲ့အနေအထား “Low angle” ဆိုပြီး မတူတဲ့ အနေအထားတွေနဲ့ ရိုက်လို့ ရတယ်။ ထောင့်ကနေ ရိုက်တဲ့ ရိုက်ချက်တွေဆိုရင် ရိုက်ကွင်းက ပုံမှန်ထက် ပိုကျယ်သွားမယ်။ ပြီးတော့ ပုံရိပ်ကို အဓိက ပေါ်လွင်စေချင်တယ်ဆိုရင်တော့ အဲ့ဒီရှုထောင့်တွေသုံးတာ အကောင်းဆုံးပါပဲ။ အပေါ်စီးက ရိုက်တဲ့ ရိုက်ချက်မျိုးကို “bird’s eye view” လို့ ခေါ်ပါတယ်။

နောက်ဆုံးအနေနဲ့ Fort Canning Park မှာ ရှယ် ရိုက်ဖို့အတွက်ဆိုရင်တော့ဥမင်လှိုဏ်ခေါင်းထဲကိုသာ ဝင်သွားလိုက်ရမှာပါ။ အထဲကိုပိုရောက်သွားလေ ပိုစိမ့်ပြီး အေးလာလေပါပဲ။ လှိုဏ်ခေါင်းတောက်လျှောက် မှာလည်း မီးတွေသေချာထွန်းထားပြီး ဘယ်ညာညီအောင် လုပ်ထားတော့ Portrait ပုံတွေ ရိုက်ဖို့က ရှယ်ပဲဗျာ။

ဓာတ်ပုံမရိုက်ခင်သိထားရမှာက - ကြည့်တဲ့သူရဲ့ အမြင်မှာဆိုရင် ပုံတစ်ပုံထဲက မျဉ်းကြောင်းတွေက အဝေး တစ်နေရာမှာ ဆုံသွားတာ (ဒါမှမဟုတ်) အဝေးမှာ နီးကပ်သွားတာတွေ ဖြစ်တတ်ပါတယ်။ ဒီပုံကို အဲ့လိုနည်းနဲ့ ရိုက်ထားတာပါ။ ကြည့်တဲ့သူရဲ့ ရှုထောင့်ပုံ မူတည်ပြီး ဓာတ်ပုံကို မြင်ရတဲ့ အမြင်ပြောင်းလဲသွားမှာပါ။ ကြည့်ရတဲ့ အရာဝတ္ထုက ဝေးလေ၊ သေးသေးပဲ မြင်ရလေပါပဲ။ ပုံရဲ့အပေါ်ပိုင်းက ပိုကြီးတယ်ဆိုရင် ကြည့်တဲ့အရာက ပိုတောင် သေးသွားနိုင်တယ်။ အဓိက အဲ့ဒီနှစ်ချက်ရဲ့ ဆက်စပ်မှုပါပဲ။

The Masjid Sultan at Kampong Gelam


စင်ကာပူရဲ့ ထူးခြားပြီး ယဉ်ကျေးမှုအမွေအနှစ်တွေ ပြည့်နှက်နေတဲ့ သွားလည်ချင်စရာ နေရာတစ်ခုပါပဲ။ (အထူးသဖြင့်တော့ မလေးအစားအသောက်တွေနဲ့ အရှေ့အလယ်ပိုင်း အစားအသောက်တွေ စမ်းကြည့်ချင်တယ်ဆိုရင်ပေ့ါ)
အဲ့ဒီမှာရှိတဲ့ အထင်ကရနေရာတစ်ခုကတော့ Masjid Sultan လို့လည်း ခေါ်တဲ့ Sultan ဗလီကြီးပါပဲ။ အဲ့ဒီဗလီကြီးကို (၁၈၂၄) ခုနှစ်မှာ စင်ကာပူရဲ့ ပထမဦးဆုံး Sultan ဖြစ်တဲ့ Sultan Hussein Shah အတွက် တည်ဆောက်ထားခဲ့တာပါ။ ဒီနေ့ခေတ်မြင်တွေ့နေရတဲ့ ဒီဇိုင်းကတော့ (၁၉၃၂) ခုနှစ်က လိုအပ်ချက်အရ ပြန်လည် ပြုပြင်ထားတဲ့ပုံစံပါ။ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ဖန်ပုလင်းအောက်ခံတွေနဲ့ တည်ဆောက်ထားတဲ့အမိုးခုံးတွေပါပဲ။ငွေကြေးပြည့်စုံသူတွေသာမဟုတ်ဘဲ ဝင်ငွေနည်းတဲ့ မွတ်ဆလင်တွေပါ ပါဝင်လှူဒါန်းနိုင်အောင် စီစဥ်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ ။
ဓာတ်ပုံမရိုက်ခင်သိထားရမှာက - အံ့ဖွယ်ဗိသုကာလက်ရာတွေဖြစ်တဲ့ ပင်မဝတ်ပြုဆောင်ကြီး တောက်လျှောက်မှာ မိုးထားတဲ့ ရွှေရောင်အခုံးကြီးတွေ၊ လိမ္မော်ရောင်၊ အမည်းရောင်၊ အစိမ်းရောင် မျိုးစုံနဲ့ အလှဆင်ထားတာတွေက ဓာတ်ပုံနောက်ခံအနေနဲ့ ထားဖို့ အရမ်းကောင်းတယ်ဗျာ။ အထူးသဖြင့် ဗလီရဲ့ တောက်ပတဲ့အရောင်တွေအပေါ် နေရောင်ဖြာကျနေတဲ့နေ့မျိုးတွေမှာပေ့ါ။ ဗိသုကာ လက်ရာအကုန်လုံး ကို ဖမ်းယူဖို့အတွက် wide-angle lens မရှိဘူးဆိုရင် အကုန်လုံးကို ပုံသပ်သပ်စီရိုက်သွားပြီး နောက်မှ Panorama အနေနဲ့ ပြန်ဆက်ပြီး ပေါင်းလိုက်လို့လည်း ရတယ်နော်။

Bayfront MRT Station


စင်ကာပူရဲ့ Orchard လမ်းမကြီးပေါ်က အရမ်းစည်ကားပြီး ဈေးဝယ်ထွက်လို့ရတဲ့ နေရာကြီးတစ်ခုဖြစ်တဲ့ Fort Canning Park က (၁၄) ရာစုကတည်းက သမိုင်းဝင် နေရာတစ်ခုဖြစ်ပါတယ်
Bayfront MRT Station ရဲ့ မြေအောက်လျှောက်လမ်းကတော့ စကိတ်ဘုတ်စီးဖို့နဲ့ ဓာတ်ပုံရိုက်ဖို့အတွက် စင်ကာပူမှာ ကျွန်တော်အကြိုက်ဆုံးနေရာတစ်ခုပေ့ါဗျာ။ အရမ်းကို မော်ဒန်ကျတဲ့ လက်ရာတွေ ထင်ဟပ် နေတဲ့ ရိုက်ချက်တွေအပြင် တစ်ခြား Creative ရိုက်ချက်တွေ ရိုက်လို့ရတယ်ဗျာ။ လေ့လာလို့ပြီးသွားရင်တော့ ဒီမြေအောက်လျှောက်လမ်းက Marina Bay Sands နဲ့ Gardens By The Bay ပေါင်းထားတဲ့ အပန်းဖြေ စခန်းထိ သင့်ကို ခေါ်ဆောင်သွားမှာပါ။ အဲ့ဒီနေရာတွေကလည်း ဓာတ်ပုံရိုက်မယ်ဆိုရင် လုံးဝ လက်မလွှတ်သင့် တဲ့ နေရာတွေပါပဲ။

ဓာတ်ပုံမရိုက်ခင်သိထားရမှာက - အလင်းပြန်တာကိုသုံးပြီး ရိုက်တဲ့ရိုက်ချက်တွေမှာ ကောင်းတာကတော့ ရှေ့တည့်တည့်ပုံတွေကနေပြီးတော့ စိတ္တဇဆန်ဆန် ဒါမှမဟုတ် ပိုအနုပညာဆန်ဆန်ဖြစ်အောင် လုပ်ယူလို့ ရတယ်ဗျ။ ကိုယ့်ဘေးနားကြည့်လိုက်ရင် ကိုယ့်ပုံကို ပြန်ပေါ်နေတာ အများကြီးပဲ။ ဒီတော့ ကိုယ်က စိတ်ဝင်တစား နဲ့ ကိုယ့်စိတ်ထဲရှိတဲ့ ပုံတစ်ခုကို ပုံဖော်လိုက်ရုံပဲ။

Double Helix Bridge


Marina Bay မှာ ရှိတဲ့ ခရုပတ်တံတား (Helix Bridge) က DNA ရဲ့ ဂျီသြမေတြီအစဉ်တွေ ပုံစံအရ တည်ဆောက်ထားတာပါ။ ။ဒီလျှောက်လမ်းက သံမဏိနှစ်ထပ်နဲ့ ဆန့်ကျင်ဘက်ပုံစံ ပတ်ပြီး လမ်းကြောင်းကို ဝိုင်းထားတာပါ။ ဒီနေရာက Creative Shot တွေ ရိုက်လို့ကောင်းတဲ့ အံ့ဖွယ်အထင်ကရ နေရာတစ်ခုဖြစ်ရုံတင် မကဘဲ Marina Bay ရဲ့ မှင်သက်ဖွယ်ကောင်းတဲ့ Panoramic ပုံတွေကို ရိုက်ဖို့ အကောင်းဆုံး နေရာတစ်ခုပါပဲ။ ညဘက်ရောက်လို့ တစ်မြို့လုံးမီးတွေ လင်းနေပြီဆိုရင် Central Business District ရယ်၊  Marina Bay Sands ကမ်းနားပုံရယ် ကောင်းကောင်းလေးတွေ ရိုက်လို့ရပါတယ်။
ဓာတ်ပုံမရိုက်ခင်သိထားရမှာက - ဒီတံတားက လူပဲ သွားလို့ရအောင် လုပ်ပေးထားတာမို့ ဒီတံတားကြီးမှာ လမ်းလျှောက်ထွက်တဲ့သူတွေနဲ့ အပြေးလေ့ကျင့်နေတဲ့သူတွေ အများကြီးကို တွေ့မြင်ရမှာပါ။ နေရာတိုင်းက ဓာတ်ပုံရိုက်လို့ အရမ်းကောင်းတာမို့ အဝေးကနေပဲဖြစ်ဖြစ်၊ တံတားအထဲနေပဲဖြစ်ဖြစ် ဘယ်လိုပဲ ရိုက်ရိုက် စင်ကာပူရဲ့ ညအလှကို ခံစားရမှာပါ။ Pattern Photography ရဲ့ လှည့်ကွက်ကတော့ အထပ်ထပ်ဖြစ်နေတဲ့ Pattern တွေကို ဖြတ်ချပစ်တာပါပဲ။ ဒီအထပ်ထပ်ဖြစ်နေတဲ့ Pattern တွေရဲ့ အသေးစိတ်ကိုလည်း အနီးကပ် ရိုက်ချက်တွေနဲ့ ပုံဖော်ပြလို့ ရပါတယ်။ တစ်နေရာထဲမှာ ပုံစံတူတွေ ထပ်တလဲလဲဖြစ်နေတာကို ရိုက်မယ့်အစား အကုန်လုံးကို တစ်တန်းတည်း စီတန်းပြီး ရိုက်လို့ရမယ့် ပုံစံမျိုးကို ရှာတာ ပိုကောင်းပါတယ်။

Marina Bay Sands မှာ shopping ထွက်ရင်း pose ပေးရင်း


ရှော့ပင်ထွက်ရတာ ကြိုက်တဲ့သူတွေအတွက်ကတော့ Marina Bay Sands က ဈေးဆိုင်တွေက လုံးဝ သွားသင့်တဲ့ နေရာတစ်ခုပါပဲ။ ကမ္ဘာ့နာမည်အကြီးဆုံး တံဆိပ်တွေ၊ အထူးသီးသန့် ထုတ်ထားတဲ့ တံဆိပ်တွေ အကုန်လုံးကို တစ်မိုးအောက်တည်းမှာတင် ရှာတွေ့နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ဓာတ်ပုံဆရာတွေ အတွက်လည်း အရမ်းလှတဲ့ ဗိသုကာလက်ရာတွေနဲ့ ပြည့်နှက်နေတာပါ။ မျက်နှာကျက် ခေါင်မိုး အမြင့်ကြီး တွေကြောင့် အတွင်းပိုင်းမှာ အလင်းရောင်ကောင်းကောင်း ရတာမို့ Indoor ရိုက်ချက်တွေ အတွက် အတော်ပဲပေါ့။
ဓာတ်ပုံမရိုက်ခင်သိထားရမှာက - အထဲမှာက အလင်း၊ အမှောင် မညီတဲ့အတွက် Indoor ရိုက်ချက် ကောင်းကောင်းတွေရဖို့ နည်းနည်းတော့ ခက်မှာပါ။ ဒ့ါကြောင့် ဈေးဝယ်ထွက်တဲ့အခါ ရှုထောင့် ကောင်းကောင်းတွေ တွေ့ထားတယ်ဆိုရင် မှတ်သာထားပြီးတော့ ဈေးဝယ်လို့ ပြီးတဲ့အချိန်မှ အဲ့ဒီ နေရာတွေ ပြန်သွားပြီး အမှတ်တရတွေ ဖန်တီးပေတော့ဗျာ။ ဒီပုံဆိုရင်လည်း အထပ်ထပ်အဖြစ်နဲ့ ထင်ဟပ် နေတဲ့ အရာတွေကို သဘာဝ၊ ပုံတူနဲ့ ဗိသုကာပုံရိပ်ယောင်တွေကို ပေါင်းစည်းပြီး Pattern Photography နဲ့ ဖန်တီး ထားတာပဲ ဖြစ်ပါတယ်။

သင်တို့ရဲ့ အမှတ်တရတွေကို #TravelThrowBack နဲ့ ပြန်ဖော်ပြလိုက်ကြပါ…
ကျွန်တော့်ရဲ့ ဒီဓာတ်ပုံဒိုင်ယာရီလေးက အားလုံးရဲ့ နေ့သစ်တွေအတွက် အင်အားတစ်ခု ဖြစ်စေပြီး စင်ကာပူ ကို သွားလည်ဖို့လည်း စပြီး ပြင်ဆင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အကောင်းဆုံးအရာတွေ ဆိုတာ စောင့်စား နိုင်တဲ့ သူတွေဆီကိုပဲ ရောက်လာလေ့ရှိတယ်မဟုတ်လား။ ဒါ့ကြောင့် စိတ်ရှည်ရှည်လေးထားပြီး အရှေ့တောင် အာရှမှာ ခရီးသွားထားတဲ့ ကိုယ့် အမှတ်တရတွေကို #TravelThrowBack filter လေး သုံးပြီး တစ်ယောက်ကို တစ်ယောက် အားပေးရအောင် ပြန်မျှဝေပေးလိုက်ကြမယ်ဗျာ။ ဒီ Filter တွေကို @Visit_Singapore Instagram စာမျက်နှာမှာ Download လုပ်လို့ ရပါတယ်။ စင်ကာပူ ဒါမှမဟုတ် ကမ္ဘာပေါ်မှာ ရှိတဲ့ အခြားနေရာတွေကို ပြန်သွားလို့ရတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့ရက်တွေ ရောက်လာတဲ့အထိပေ့ါဗျာ။