Nintendo Switch အတွက်ထုတ်လုပ်မယ့်အချိန်ကို ၂၀၂၁ ထိနောက်ဆုတ်လိုက်တဲ့ Sky: Children Of The Light

Nintendo Switch အတွက်ထုတ်လုပ်မယ့်အချိန်ကို ၂၀၂၁ ထိနောက်ဆုတ်လိုက်တဲ့ Sky: Children Of The Light

Apple ရဲ့ iPhone မှာ Game of the year 2019 ကိုရရှိဖူးတဲ့ Sky: Children Of The Light ဟာ Nintendo Switch Console အတွက် ထုတ်လုပ်ဖို့ရက်ကိုတော့ ရွှေ့ဆိုင်းလိုက်ရပါတယ်။ Indie Adventure Game ဖြစ်ပြီး Thatgamecompany ကနေ Develop ပြုလုပ်ထားတဲ့ ဒီဂိမ်းဟာ ၂၀၁၉ ဇူလိုင်လမှာ iOS မှာ စ တင်ထုတ်လုပ်ပေးခဲ့ပြီးတော့၊ Android အတွက်ကိုတော့ ၂၀၂၀ ဧပြီလမှာ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။

App Store မှာ သန်း ၂၀ ကျော် Download ပြုလုပ်တဲ့အထိ အောင်မြင်မှုတွေရရှိခဲ့တဲ့ ဒီဂိမ်းဟာ Nintendo Switch အတွက် ၂၀၂၀ အတွင်းထုတ်လုပ်ပေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း COVID-19 အခြေအနေတွေကြောင့် ၂၀၂၁ အထိ နောက်ရွှေ့လိုက်ရပါတယ်။

Indie Game Studio တစ်ခုဖြစ်တဲ့ Thatgamecompany ဟာ iOS နဲ့ Android အတွက် မရရအောင် ထုတ်လုပ်ပေးနိုင်ခဲ့ပေမယ့်လည်း၊ Work From Home ကိစ္စတွေကြောင့် Nintendo Switch အတွက်ကို ဆက်လက်ထုတ်ပေးနိုင်ဖို့အဆင်မပြေဖြစ်ခဲ့ရပါတယ်။ ဒီအတွက်လည်း အားပေးနေတဲ့ Gamer တွေကို သတင်းကြေညာချက်ကနေ တောင်းပန်ထားပါတယ်။

Review တွေလည်းကောင်းပြီး၊ ရှုခင်းလှလှလေးတွေကြားမှာ ပျံသန်းသွားနေရမယ့် ဒီ Adventure ဂိမ်းလေးတွေကို ဆော့ကစားချင်တယ်ဆိုရင်တော့ လက်ရှိအချိန်မှာ iOS နဲ့ Android မှာပဲ ဆော့ကစားနိုင်ဦးမှာဖြစ်ပါတယ်။ စိတ်မကောင်းပါဘူး Nintendo Switch ပိုင်ရှင်တို့ရေ။

Read more

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ပြင်သစ်နိုင်ငံမှကာကွယ်ရေးနည်းပညာကုမ္ပဏီ Thales နှင့် အမေရိကန်နိုင်ငံမှ လေကြောင်းနည်းပညာအဖွဲ့အစည်း Skydweller Aero တို့ပူးပေါင်း၍ MAPS (Medium-Altitude Pseudo-Satellite) ဟုအမည်ရသော နေစွမ်းအင်ဖြ

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ