Smart Home Product တွေမိတ်ဆက်လာမည့် Apple

ပြီးခဲ့သောနှစ်အနည်းငယ်အတွင်းက Apple သည် မော်တော်ယာဥ်လုပ်ငန်းအပါအဝင် အခြားသောစျေးကွက်များကိုပါထိုးဖောက်ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည်။ယခုအခါ Mark Gurman ၏နောက်ဆုံးထွက်သတင်းအရ Apple သည် Smart Home ဈေးကွက်ကိုမျက်စိကျနေသည်ဟုလဲသိရသည်။
အရင်တုန်းကတော့ Apple ဟာ HomePod နဲ့ HomePod mini များထုတ်လုပ်ခဲ့ဖူးပေမဲ့ ကုမ္ပဏီက မျှော်လင့်ထားတဲ့အောင်မြင်မှုမျိုးတော့မရခဲ့ပါဘူး။
Apple သည် 2025 နှစ်ကုန်နှင့် 2026 အစောပိုင်းတွင်ထွက်ရှိမည့် ထုတ်ကုန်အသစ်များဖြင့် Smart Home ကဏ္ဍကိုဒုတိယအကြိမ်ဝင်ရောက်ရန်ကြိုးပမ်းလာသည်။
ထုတ်ကုန်များထဲမှတစ်ခုမှာ စက်ရုပ်လက်တံပါသောစက်ဖြစ်သည်။၎င်းသည် အနာဂတ်ခေတ်မီစက်ပစ္စည်းတစ်ခုဟု ထင်ရသော်လည်း အစီရင်ခံစာတွင် စက်ပစ္စည်း၏ရည်ရွယ်ချက်မှာမည်သည့်အရာဖြစ်မည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိသေးပါဘူး။
ထို့အပြင် စက်ရုပ်မော်ဒယ်တစ်ခုကိုလည်း ကုမ္ပဏီက ပြင်ဆင်နေပြီး "J490" လို့နာမည်ပေးထားပါတယ်။ ဒီမော်ဒယ်ဟာ မူလအစီအစဉ်အရ အစောပိုင်းမှာပဲ မိတ်ဆက်မည်ဆိုပြီး စီစဉ်ထားခဲ့ပေမယ့် Siri ဆိုင်ရာပြဿနာအချို့ကို ဖြေရှင်းနေရတဲ့အတွက် ကြန့်ကြာခဲ့ရခြင်းဖြစ်ပြီး အားလုံးအဆင်ပြေသွားမယ်ဆိုရင် ဒီနှစ်ကုန်ပိုင်းမှာထွက်ရှိလာနိုင်ပါတယ်။