တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးသမိုင်းရဲ့ အကြီးမားဆုံး အရှုပ်တော်ပုံတစ်ခုအဖြစ် သမ္မတဟောင်း ယွန်းဆော့ယော (Yoon Suk Yeol) ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးကြေညာဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ဒုတိယအကြိမ်အဖြစ် ပြန်လည်ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက သူ့ကို ပုန်ကန်မှုဖြင့် ဖမ်းဆီးခဲ့ပေမယ့် မတ်လမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သူဟာ သက်သေအထောက်အထားတွေကို ဖျက်ဆီးနိုင်တဲ့အန္တရာယ်ရှိတယ်လို့ တရားရုံးကို တင်ပြခဲ့တာကြောင့် တရားရုံးက ဖမ်းဝရမ်းအသစ်ကို ထပ်မံထုတ်ပေးခဲ့ပြီး သူ့ကို ဆိုးလ်မြို့အနီးက အချုပ်ထောင်တစ်ခုမှာ တစ်ယောက်တည်း သီးသန့်ချုပ်နှောင်ထားလိုက်ပြီဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ သမ္မတ ယွန်းဆော့ယောဟာ နိုင်ငံတော်ကိုဆန့်ကျင်နေတဲ့ အင်အားစုတွေကို နှိမ်နင်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်အုပ်ချုပ်ရေးကို ရုတ်တရက်ကြေညာခဲ့ပြီး စစ်သားတွေကို လွှတ်တော်ထဲအထိ စေလွှတ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ ကြီးမားတဲ့နိုင်ငံရေးအကျပ်အတည်းဖြစ်ပွားခဲ့ပြီး သူ့ကို လွှတ်တော်က စွပ်စွဲပြစ်တင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ သမ္မတရာထူးကနေ တရားဝင်ဖြုတ်ချခဲ့ပါတယ်။
သူဟာ အာဏာအလွဲသုံးစားလုပ်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှုနဲ့ တရားဥပဒေစိုးမိုးရေးကို ဟန့်တားမှုတွေအပါအဝင် စွဲချက်များစွာနဲ့ ရင်ဆိုင်နေရပေမယ့် စွဲချက်အားလုံးကိုတော့ ငြင်းဆိုထားပါတယ်။
သမ္မတဟောင်း ယွန်းဆော့ယော ဒုတိယအကြိမ် ပြန်အဖမ်းခံရ

On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion