Snapdragon 8 Elite 2 , 6800mAH Battery နဲ့ လာမယ့် Xiaomi 16

သန်ဘက်ခါ မေလ 22 မှာတော့ Xiaomi Chipset အသစ်ဖြစ်တဲ့ XRING O1 ကို မိတ်ဆက်သွားမှာပါ။ နောက်ပြီး XRING O1 ကို ပထမဆုံးထည့်သုံးမယ့် ဖုန်းကိုလည်း တစ်ခါတည်း မိတ်ဆက်မှာလည်း ဖြစ်ပါတယ်။ Xiaomi 16 ဖြစ်မလားလို့ ခန့်မှန်းထားကြပေမယ့် Xiaomi 15s Pro ဆိုပြီး ကြေညာလိုက်ပါတော့တယ်။ ဆိုတော့ ဒီနှစ်မိတ်ဆက်သွားမယ့် Xiaomi 16 မှာတော့ Snapdragon 8 Elite 2 Chips ကိုပဲ ထည့်ဦးမယ့်သဘောပါပဲ။

Xiaomi 16 က Snapdragon 8 Elite 2 Chips အပြင် နောက်ထပ်ပိုမိုက်လာမယ့်အချက်က Battery 7000mAh နဲ့ပါ လာမှာပါ။ (6800mAh လို့လည်း ပြောထားတယ်) ဒီပုံစံအရဆို Xiaomi 15 ထက် ပိုလေး ပိုကြီးသွားလောက်တော့ ထင်ရတာပဲ။ အခုနောက်ပိုင်းက Xiaomi / Redmi ဖုန်းတွေက ဘတ်ထရီပမာဏများများထည့်လာကြပြီဆိုတော့။ နောက်ပြီး 100W Fast Charge Support ဦးမှာပါ။

ဒီနေရာမှာ Leak တွေက ကပြောင်းကပြန်ဖြစ်နေတာလား ဘာလားဆိုတာ တစ်ခုရှိသေးတယ်။ ဘာလို့ဆိုတော့ Xiaomi ရဲ့ Chipset အသစ် XRING O1 ကို Xiaomi 15s Pro မှာ ပထမဆုံးထည့်သွင်းလာမယ်လို့လည်း ဆိုထားသေးလို့ပါ။ XRING O1 နဲ့ပတ်သက်ပြီးကတော့ လာမယ့် မေလ 22 မှာ အသေအချာ ထပ်သိရမယ်ပေါ့လေ။

Xiaomi 16 ကတော့ စက်တင်ဘာလောက်မှ မိတ်ဆက်မှာမို့ လိုတာက တော်တော်လိုပါသေးတယ်။ Snapdragon ကနေ အသစ်ထပ်မိတ်ဆက်မယ့် Chips အသစ်နဲ့လည်း ဖြစ်လာနိုင်ခြေရှိသေးတယ်။ ဒီကြားထဲ Leak တွေ ဟိုတစဒီတစ ထွက်လာနိုင်ပါသေးတယ်။