Snapdragon 8 Elite 2 စောစောလာမယ်

မနှစ်က နိုဝင်ဘာလလောက်မှာ Snapdragon 8 Elite ထွက်ပြီး လပိုင်းလောက်မှာပဲ ဒီလိုသတင်းမျိုးထွက်လာခဲ့သေးတယ်။ အဲ့တုန်းကတော့ Snapdragon 8 Elite ထွက်တာက ၁ လလောက်ပဲ ရှိသေးတာဆိုတော့ မဖြစ်နိုင်ပေမဲ့ အခုတော့ တကယ်ရောက်လာတော့မယ့်ပုံပါပဲ။

Qualcomm ကနေ မနှစ်က အောက်တိုဘာလမှာ Snapdragon 8 Elite chipset ကို မိတ်ဆက်ခဲ့တာမို့ သူ့ရဲ့ နောက်ဆက်တွဲမော်ဒယ်ဖြစ်တဲ့ Snapdragon 8 Elite 2 ကို လာမယ့် အောက်တိုဘာမှာလည်း မိတ်ဆက်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ weibo က သတင်းအချို့အရ စက်တင်ဘာလလောက်မှာတင် မိတ်ဆက်လာနိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။

မနှစ်ကတည်းက 8 Elite 2 ရဲ့ AnTuTu benchmark အရေအတွက်တွေလည်း ဖော်ထုတ်ခဲ့တာတွေ ရှိခဲ့ပါသေးတယ်။ ရှေ့ကထွက်ခဲ့တဲ့ 8 Elite နဲ့ ယှဉ်ရင် GPU performance က 30% တိုးလာမှာဖြစ်ပြီး CPU performance က 25% အထိ တိုးလာမယ်လို့ leak ဖြစ်ခဲ့ဖူးပါတယ်။

အင်တာနက်အပေါ်က Leaker အချို့ကတော့ Apple ရဲ့ iPhone 17 Series နဲ့ ယှဉ်ပြိုင်ဖို့ စောစောမိတ်ဆက်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် 8 Elite 2 ကိုအသာထားဦး နှစ်စကစပြီး လက်ရှိအချိန်အထိ 8 Elite သုံး ဖုန်းအသစ်တွေကတော့ အပြိုင်အဆိုင်မိုက်နေတယ်လို့တော့ ဆိုရမှာပါပဲ။