Snapdragon 8s Gen 4 , 6000mAh Battery ပါလာမယ့် Xiaomi Civi 5 Pro

Snapdragon 8s Gen 4 , 6000mAh Battery ပါလာမယ့် Xiaomi Civi 5 Pro

ဒီမှာက Civi ဖန်တွေ တော်တော်များတယ်လို့ ပြောရမယ်ထင်တယ်။ ဒီနှစ်အတွက် Xiaomi Civi မော်ဒယ်အသစ်ကို မကြာခင်မိတ်ဆက်သွားဖို့ ကြေညာလာပါပြီ။ Xiaomi Civi 5 Pro ဖြစ်ပြီး ပါလာမယ့် Spec: အချို့နဲ့ ဒီဇိုင်းကိုလည်း Xiaomi ဘက်က အတည်ပြုပြီးပါပြီ။ 

Civi 5 Pro မှာတော့ Snapdragon 8s Gen 4 SOC ကို သုံးထားပါမယ်။ 6000mAh Battery ပါရှိမှာဖြစ်ပြီး Charging ပိုင်းကိုတော့ 67W ပဲ ဖြစ်ဖို့များပါတယ်။ 7.45mm အထူဖြစ်ပြီး Screen Size 6.55” ရှိပါမယ်။ အရောင် ၄ ရောင်ရွေးချယ်နိုင်ပါမယ်။ 

ကင်မရာပိုင်းမှာတော့ Leica နဲ့ collab လုပ်ထားပြီး Triple Camera Set up ဖြစ်ပါမယ်။ 50MP telephoto sensor ပါလာမယ်လို့တော့ leak တွေ ထွက်ထားပါတယ်။ Selfie ကိုလည်း 50MP တပ်ဆင်ထားပြီး ထွက်ပြီးခဲ့သမျှ Civi Series အနက် အကောင်းဆုံးဖြစ်မယ်လို့ ဆိုထားပါတယ်။ 

မကြာခင်မိတ်ဆက်သွားမယ်ဆိုပေမဲ့ ရက်အတိအကျကိုတော့ မကြေညာသေးပါဘူး။ မနှစ်က Civi 4 Pro ကို မတ်လလောက်က မိတ်ဆက်ခဲ့တာဆိုတော့ ဒီနှစ်အတွက် Civi 5 Pro က နည်းနည်းနောက်ကျတယ်လို့တောင် ပြောရပါမယ်။ 

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ