AI ခေတ််မှာ AI ကိုကောင်းကောင်းခိုင်းနိုင်ရင် အလုပ်မှာရော၊ နေ့စဥ်ဘဝမှာပါ ပိုပြီး သက်တောင့်တာသက်သာ နေနိုင်လာမှာပါ။ ဒီနေ့မှာတော့ အလုပ်မှာရော၊ နေ့စဥ်ဘဝမှာပါ သုံးနိုင်မယ့် AI တွေကို ပြောပြပေးပါ့မယ်။ (ChatGPT မဟုတ်တဲ့ ChatGPT API သုံး AI တွေဖြစ်ပါတယ်)
1. Chatpdf.com
ကိုယ်ဖတ်ချင်တဲ့ Pdf တစ်ခု AI ကိုဖတ်ခိုင်းပြီး စာအုပ်ကို brief လုပ်ခိုင်းတာ၊ ကိုယ်သိချင်တဲ့ အကြောင်းအရာကိုပဲ ရှင်းပြခိုင်းတာမျိုးလုပ်ပေးတဲ့ AI ပါ။ စာဖတ််ပျင်းတဲ့သူတွေအတွက် pdf file လေးပေးလိုက်ရင် အိုကေနားဆား ဖြစ်သွားပါပြီ
2. Chatthing.ai
ကြိုက်တဲ့ Data ပေးလိုက်တာနဲ့ ပေးလိုက်တဲ့ Data ကိုမူတည်ပြီး AI bot လုပ်ပေးနိုင်တဲ့ Website ပါ။ Notion သမားတွေအသုံးများပါတယ်။
3. stockimg.ai
စာရိုက်ပြီး AI generated Stock Image တွေထုတ်လို့ရတယ်ဆိုတော့ လူတိုင်းအတွက် အသုံးဝင်ပါလိမ့်မယ်
4. Steve.ai
Video Content သမားတွေအတွက် Script တွေ၊ Theme တွေ၊ One set စာဖန်တီးပေးနိုင်တဲ့ AI ဖြစ်ပါတယ်။ YouTuber တွေအတွက်ရှယ်ပါပဲ။
5. promptpal.net
AI ကိုစာရိုက်ခိုင်းဖို့အတွက် စာရိုက်နည်းလမ်းညွန်လို့ အလွယ်မှတ်နိုင််ပါတယ်။ AI ကိုခိုင်းဖို့အတွက် ကိုယ်က အင်္ဂလိပ်လို ပြည့်ပြည့်စုံစုံပြောဖို့ ခက်ခဲနေရင် ဒီwebsite မှာရှာနိုင်ပါတယ်။
အားလုံးပဲ AI ကို ကောင်းကောင်း အသုံးချနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
Discussion