၁. Innerbody

လူတစ်ယောက်ရဲ့ အတွင်းပိုင်း တည်ဆောက်ပုံကို အကြောဆို အကြော၊ အရိုးဆို အရိုး၊ ကြွက်သားဆို ကြွက်သား အလွှာလိုက် အသေးစိတ်ရှင်းပြထားတဲ့ Website မှာ ဆေးပညာကို လေ့လာလိုသူတွေ သိထားသင့်ပါတယ်။

၂. Privnote

ဒီကောင်ကတော့ Note ရေးပြီး တစ်ယောက်ယောက်ကို ပို့လိုက်တာနဲ့ Note ကိုလက်ခံသူက ဖတ်ပြီးပြီးချင်း အလိုအလျောက်ဖျက်ပေးတာမျိုး၊ အချိန်မှတ်ပြီး အလိုအလျောက် ဖျက်ပစ်တာမျိုးတွေလုပ်နိုင်တာမို့ အချင်းချင်း လျှို့ဝှက်စာတွေ ပို့ချင်ရင် ဒီကောင်လေး အရမ်းအဆင်ပြေပါတယ်။

၃. Bachelorstudies

ဒီတစ်ခုကတော့ ကိုယ်တက်ချင်တဲ့ နိုင်ငံအလိုက်၊ ကိုယ်တက်ချင်တဲ့ Bachelor ဘွဲ့တွေကို သင်ကြားပေးနေတဲ့ တက္ကသိုလ်တွေ၊ ကုန်ကျစားရိတ်၊ အချိန် တွေကို အကြမ််းဖျဥ်းတွက် ပြသပေးနိုင်တဲ့ Website ပါ

၄. Lucidchart

Diagram တွေ၊ Data Graph တွေ ကြိုက်တဲ့ ဒီဇိုင်းလာ အခမဲ့ဆွဲလို့ရတဲ့ ​​Website ပါ။ ကျွန်တော် ကျောင်းမှာလည်း ဒါပဲသုံးပါတယ်။

၅. Eat This Much

ဝိတ်ချနေသူတွေ၊ ကျန်းမာရေးလိုက်စားနေသူတွေ Diet အတွက် Calories ကိုအချိန်ကုန်ခံ၊ ခေါင်းခြောက်ခံပြီး ဆွဲနေစရာမလိုပါဘူး။ ဒီ Website မှာ email နဲ့ Subscribe လုပ်ထားရင် နေ့စဥ် ဘာတွေစားရမယ်ဆိုတာကို တွက်ပြီး အလိုအလျောက်ပို့ပေးနေမှာပါ။

၆. DiffChecker

စာဖိုင် ၂ ဖိုင်ကို ဘယ်နေရာမှာ မတူကွဲပြားနေလဲဆိုတာ စာလုံးတိုက်စစ်ပေးတဲ့ Website ပါ။ စာဖိုင်တွေအပြင် ဓာတ်ပုံနဲ့ Excel လည်း တိုက်စစ်နိုင်ပါတယ်။

၇. AlternativeTo

Application တစ်ခုသုံးချင်ပေမယ့် ဝယ်မှသုံးလို့ရမယ်။ ဈေးကြီးလို့မဝယ်နိုင်ဘူးဆိုရင် ဒီ Website က လုပ်ဆောင်ချက်အတူတူဖြစ်ပြီး ဈေးပိုသက်သာ (သို့) အခမဲ့ သုံးလိ့ရမဲ့ App ကိုရှာပေးမှာပါ။

၈. Jitsi Meet

Zoom တို့၊ Google Meet တို့ဆိုတာ Video Call ဖို့အတွက် အကောင့်ဖွင့်ရတာတွေနဲ့ရှုပ်ပါတယ်။ Jitsi မှာတော့ Website ထဲဝင် အကောင့်ဖွင့်စရာမလိုပဲ Room တန်းထောင်ပြီး ပါဝင်မယ့်သူတွေကို Link ပေးလိုက်ရင် အေးဆေး VC call လို့ရပါတယ်။

၉. Squoosh

Image File Size ကြီးနေတာတွေကို File Size ချုံ့ပေးနိုင်တဲ့ Website ပါ။ Image Crop လို့လည်းရပါတယ်။

၁၀. Cloudconvert

File format ပေါင်းစုံကို တစ်ခြား File format တွေ ပြောင်းတဲ့အခါ သုံးနိုင်တဲ့ Website ပါ။ Format တွေအများကြီး ပြောင်းနိုင်တာကြောင့် သိကိုသိထားသင့်ပါတယ်။