■ ဥရောပထိပ်သီးကလပ်တွေရဲ့စိတ်ဝင်စားမှုကိုခံနေရတဲ့ ဘရာဇီးလ်ကြယ်ပွင့် ရိုဒရီဂိုဟာ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ရိုဒရီဂိုအတွက် အနိမ့်ဆုံးပြောင်းရွှေ့ကြေး ပေါင်(၈၅)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်လာခဲ့ရင် ထွက်ခွာခွင့်ပေးဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။
■ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ ချိတ်ဆက်မှုတွေခံနေရပေမယ့် ဘိုင်ယန်မြူးနစ်အသင်းမှာ နောက်ထပ်တစ်ရာသီကြာဆက်ရှိဖို့ စီစဉ်နေပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ဟာရီကိန်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ဇွန်အထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။
■ မန်ယူနိုက်တက်အသင်းနည်းပြဟောင်း အဲရစ်တန်ဟတ်ဟာ စပိန်လူမျိုးနည်းပြဇာဘီအလွန်ဆိုရဲ့နေရာမှာအစားထိုးဝင်ရောက်ပြီး လေဗာကူဆင်အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။ ဇာဘီအလွန်ဆိုဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ဖို့အတွက် နွေရာသီမှာ လေဗာကူဆင်အသင်းကနေ ထွက်ခွာဖို့ရှိနေတာဖြစ်ပါတယ်။
■ အက်စတွန်ဗီလာအသင်းဂိုးသမား အီမီမာတီနက်ဇ်နဲ့ တောင်ပံကစားသမား ဘိုင်လေတို့ကိုခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ဂိုးသမား မာတီနက်ဇ်ရဲ့နေရာမှာအစားထိုးဖို့အတွက် အက်စ်ပန်ညိုအသင်းဂိုးသမား ဂါစီယာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
■ ဝုလ်ဗ်စ်နဲ့ ဝက်စ်ဟမ်းအသင်းနည်းပြဟောင်း လိုပက်တယ်ဂီဟာ ကာတာအသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ လိုပက်တယ်ဂီဟာ ကာတာအသင်းကို ၂၀၂၇ ခုနှစ်၊ဇွန်အထိကိုင်တွယ်မယ့် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
■ မန်ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ အတ္တလန်တာအသင်းကွင်းလယ်လူ အီဒါဆန်ကို ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးစားနေပါတယ်။ အတ္တလန်တာအသင်းဟာ ဘရာဇီးလ်ကွင်းလယ်လူ အီဒါဆန်အတွက် ပြောင်းရွှေ့ကြေး ယူရို(၇၅)သန်းသတ်မှတ်ထားတာဖြစ်ပါတယ်။
Discussion