OpenAI ရဲ့ Sora 2 ဟာ AI video generation မှာ ကြီးမားတဲ့ တိုးတက်မှုဖြစ်ပြီး ၂၀၂၅ စက်တင်ဘာ ၂၉ ရက်မှာ ထွက်ရှိခဲ့ပါတယ်။ Video အတွက် "GPT-3.5 moment" လို့ OpenAI က ဖော်ပြထားပါတယ်။

Sora 2 က real-world physics ကို တိကျစွာ လိုက်နာပါတယ်။ Basketball shot လွဲရင် သဘာဝအတိုင်း rebound ဖြစ်ပါတယ်။ Olympic gymnastics၊ ရေနဲ့ ပတ်သက်တဲ့ dynamics၊ object collision တွေကို realistic simulate လုပ်နိုင်ပါတယ်။

Native audio generation နဲ့ dialogue lip-sync တိကျပြီး environment နဲ့ ကိုက်ညီတဲ့ sound၊ action နဲ့ အချိန်ကိုက်တဲ့ effect တွေကို generate လုပ်ပေးနိုင်ပါတယ်။ Video တွေက complete audio နဲ့ လာလို့ သီးခြား sound design မလိုပါဘူး။

Multi-shot consistency နဲ့ camera angle မတူပေမယ့် object permanence ထိန်းသိမ်းပေးပါတယ်။ Cinematic၊ realistic၊ anime style တွေမှာ ကောင်းပြီး camera control instruction တွေ လိုက်နာနိုင်ပါတယ်။

iOS app မှာ Cameo feature နဲ့ user တွေကို AI scene ထဲ ထည့်နိုင်ပါတယ်။ Remix capability နဲ့ တခြားသူတွေရဲ့ creation ကို modify လုပ်နိုင်ပြီး TikTok-style feed လည်းပါဝင်ပါတယ်။

စက္ကန့် ၁၀ ကနေ ၆၀ လောက်ထိရှိတဲ့ short-form video၊ marketing content၊ creative storytelling၊ educational material တွေ ဖန်တီးလို့ရပါတယ်။ Clip duration စက္ကန့် ၁၀-၃၀ လောက်ဖန်တီးတဲ့အခါမှ complex scene တွေဆိုရင် error ဖြစ်နိုင်ပါတယ်။ လူမျက်နှာတွေ နဲ့ လှုပ်ရှားမှုတွေမှာလည်း အနည်းငယ် artificial ဆန်တာမျိုးတွေ ခံစားရနိုင်ပါသေးတယ်။

လက်ရှိမှာတော့ Free tier (invite-only)၊ ChatGPT Pro ($200/month) နဲ့ higher quality၊ ChatGPT Plus ($20/month) option တွေ ရှိပါတယ်။ US နဲ့ Canada မှာပဲ ရနိုင်ပြီး API access ကမကြာခင် ထွက်တော့မှာပါ။

Sora 2 က high-quality video creation ကို လူတိုင်း လုပ်နိုင်အောင် democratize လုပ်ပေးထားတဲ့ tool အသစ်ဖြစ်လာပါတယ်။