Starlink ထက်၁၀ဆမြန်တယ်ဆိုတဲ့သူပေါ်လာ
တရုတ်နိုင်ငံသည် တစ်စက္ကန့်လျှင် (100 Gbps) အမြန်နှုန်းဖြင့် ဂြိုလ်တုမှမြေပြင်သို့ ဒေတာပို့ဆောင်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ဤအောင်မြင်မှုသည် ယခင်မှတ်တမ်းဖြစ်သော SpaceX ၏ Starlink ထက် ၁၀ဆပိုမြန်သည်ဟုသိရသည်။
Chang Guang Satellite Technology Co. Ltd. (CGST) သည် Jilin-1 ဂြိုလ်တုအဖွဲ့မှ မြေပြင်ဘက် ဂြိုလ်တုဆက်သွယ်မှုစခန်းအကြားတွင် ဒေတာပို့ဆောင်မှုကိုစမ်းသပ်အောင်မြင်ခဲ့တာလဲဖြစ်ပါတယ်။
Chang Guang ၏ အကြီးတန်း အင်ဂျင်နီယာ Wang Hanghang က “ကျွန်တော်တို့က အများပြည်သူအသုံးပြုနိုင်ရန်အတွက် ဖြန့်ချိမှုကိုစတင်ပေးနေပြီ” ဟုပြောကြားခဲ့သည်။
Chang Guang သည် ၂၀၂၇ ခုနှစ်အတွက် Jilin-1 အစုအဖွဲ့တွင် ဂြိုလ်တုအစင်း ၃၀၀ ကိုထည့်သွင်းရန် စီမံထားပြီး ၎င်းအောင်မြင်မှုသည် 6G အင်တာနက်နှင့် အခြား အဆင့်မြင့် ဆက်သွယ်မှုနည်းပညာများအတွက် အခြေခံလိုအပ်ချက်ဖြစ်လာမည်ဟုသိရသည်။