Steel ထက်ပိုခိုင်ခံ့တဲ့သစ်သား

Maryland ရှိ InventWood company သည် steel ထက် ပိုခိုင်ခံ့ပြီး တာရှည်အသုံးခံနိုင်အောင် အထူးပြုလုပ်ထားသည့် "Superwood" အမည်ရသစ်သားများကို အကြီးစားထုတ်လုပ်နိုင်ရန်စီစဉ်နေကြသည်။

University of Maryland မှ သိပ္ပံပညာရှင် Liangbing Hu တီထွင်ထားသည့် Superwood သည် lignin နှင့် hemicellulose ကဲ့သို့ အားနည်းသော အစိတ်အပိုင်းများကို ဖယ်ရှားထားပြီး သစ်သားကို အပူဖိအားဖြင့်ဖိသိပ်ပြီး cellulose နာနိုဖိုင်ဘာများကိုအသုံးပြုကာပိုမိုအကြမ်းခံနိုင်ရန်တီထွင်ထားသည်။

Superwood သည် ရိုးရိုးသစ်သားထက် ၁၂ ဆခန့် အကြမ်းခံနိုင်ပြီး ကာဗွန်ဖိုင်ဘာနှင့်ဆင်တူနိုင်သော်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါးခြင်းအပြင် ပတ်ဝန်းကျင်နှင့်လဲသင့်တော်လိုက်ဖက်မှုရှိသည်။

ထို့အပြင် မီးလောင်ဒဏ်ခံနိုင်စွမ်း၊ပုပ်ခြင်း၊ပိုးမွှားနဲ့ ရာသီဥတုဒဏ်များကို ခံနိုင်ရည်ရှိသောကြောင့်ဆောက်လုပ်ရေးလုပ်ငန်းနှင့် တာရှည်ခိုင်ခံ့ချင်သောဒီဇိုင်းများအတွက် အထူးသင့်လျော်သည်ဟုသိရသည်။