သတိမထားမိဘဲ လုပ်မိတတ်တဲ့ မိမိကိုယ်ကို ဖျက်ဆီးခြင်း

သတိမထားမိဘဲ လုပ်မိတတ်တဲ့ မိမိကိုယ်ကို ဖျက်ဆီးခြင်း
Photo by Massimiliano Sarno on Unsplash

လူတိုင်းဟာ တိုးတက်ဖို့ အမြဲတမ်း စဥ်းစားလုပ်ဆောင်နေကြတာပါ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ဒီနေရာ ဒီအခြေအနေကနေ မတက်ဘဲ ပိတ်မိနေသလို တော်တော်များများ ဖြစ်ဖူးကြမှာပါ။ အရေးကြီးတဲ့ ကိစ္စတွေဆိုရင် အချိန်ဆွဲတယ်၊ မလုပ်ချင်ဘဲ အားနာပြီး လုပ်ပေးတယ်၊ ကောင်းတာတွေဖြစ်နေရဲ့သားနဲ့ စိတ်ထင့်နေတယ် စတာမျိုးတွေရော ဖြစ်ဖူး၊ လုပ်ဖူးကြမယ် ထင်ပါတယ်။

ဒါဟာ ကိုယ့်တိုးတက်ရာကို ဖျက်ဆီးခြင်း (Self-sabotage) ရဲ့ လက္ခဏာ အပြုအမူတွေပါပဲ။ ဒီလိုဖြစ်ရခြင်းဟာ အပျင်းကြီးလို့ရော၊ တစ်ခုခု ချိို့ယွင်းနေလို့ရော မဟုတ်ပါဘူး။ ကြောက်စိတ်ကို အခြေခံတဲ့ လုပ်ရပ်တစ်ခုလို့ ပြောနိုင်ပါတယ်။ အပြောင်းအလဲကို ကြောက်တာ၊ အရှုံးနဲ့ကြုံမှာ ကြောက်တာ၊ တစ်ခါတစ်ရံ ကိုယ်လိုချင်တာကို အမှန်တကယ်ရလာမှာကို ကြောက်တာကြောင့်ပါ ဖြစ်နိုင်ပါတယ်။

ဒီအပြုအမူဟာ စိတ်ဝင်စားဖို့လည်း ကောင်းသလို မိမိမှာ ဖြစ်နေတယ်ဆိုရင်လည်း သတိထားမိပြီး ပြုပြင်နိုင်ဖို့ သိသင့်တာတွေ သိထားရပါမယ်။

📌 မိမိကိုယ်ကို ဖျက်ဆီးခြင်းရဲ့ အပြုအမူများ

ရုပ်ရှင် ဇာတ်ကားတွေထဲကလို သိသာပြီး ပေါ်ပေါ်ထင်ထင် အပြုအမူမျိုး  (ဥပမာ - အရက်အလွန်အကျွံသောက်တာ) မဟုတ်ပါဘူး။ လက်တွေ့ဘဝမှာတော့ မိမိကိုယ်ကို ဖျက်ဆီးတဲ့ အပြုအမူတွေဆိုတာ မသိသာဘဲ လုပ်နေကျ ဒီလိုအရာတွေပါ။

  • အရေးကြီး ကိစ္စတွေကို နောက်ဆုံးအချိန်ထိ အချိန်ဆွဲပြီးမှ ကမန်းကတန်းလုပ်တာ
  • အရမ်းအဆင်ပြေနေတဲ့အချိန်မျိုးမှာ ပြဿနာတစ်ခုခုရှာတာ
  • အလုပ်နဲ့ ဆက်ဆံရေး (relationship) တွေမှာ ကိုယ့်ကိုယ်ကို သိမ်ငယ်တယ်လို့ သတ်မှတ်တာ
  • အလုပ်သစ်မရှာတာ၊ ချိန်းထားပြီး မသွားတာ၊ လုပ်ချင်ရဲ့နဲ့ တစ်ခုခုကို အသစ်ကစဖို့ ဝန်လေးတာ စတာမျိုးတွေ ဖြစ်ပါတယ်။

ကိုယ်က တစ်ခုခုကို စဖို့ ရှေ့တိုးဖို့လုပ်တိုင်း ဘာမှန်းမသိတဲ့ အရာတစ်ခုက လှမ်းဆွဲထားသလို ခံစားချက်မျိုးပေါ့။


⁉️ ဒီလို ဘာကြောင့် ဖြစ်ရသလဲ?

လူတွေရဲ့ ဦးနှောက်ဟာ ပျော်ဖို့ထက် ဘေးကင်းဖို့ကို ပိုဦးစားပေးပါတယ်။ ဒါ့ကြောင့် အခွင့်အလမ်းအသစ်၊ ဆက်ဆံရေးအသစ်၊ ရည်မှန်းချက် အသစ်တွေက စွန့်စားမှုလိုအပ်တဲ့အတွက် ဦးနှောက်က ဘေးမကင်းဘူးလို့ ယူဆပြီး အန္တရာယ်လို့ နာမည်တပ်လိုက်ပါတယ်။ ဒီအခါမှာ ကိုယ့်ကိုယ်ကို ရှေ့မရောက်စေတဲ့ အတွေးနဲ့ အပြုအမူတွေ စပါတော့တယ်။ ဒီထဲက တစ်ချို့ကို ဖော်ပြရမယ်ဆိုရင်

  • အရှုံးကို ကြောက်ခြင်း (စမလုပ်ရင် ရှုံးစရာ အကြောင်းလည်း မရှိဘူး)
  • အောင်မြင်မှုကို ကြောက်ခြင်း (အောင်မြင်ပြီးသွားမှ ပြန်ကျသွားရင် ရှက်စရာကြီး)
  • မိမိကိုယ်ကို တန်ဖိုးမထားခြင်း (ငါနဲ့ မတန်ပါဘူး)
  • ငယ်စဥ် အတွေ့အကြုံဟောင်းတွေက မထွက်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။

👣 သတိပြုမိခြင်းဟာ ပြုပြင်ခြင်းရဲ့ ခြေလှမ်းအစပါ

မိမိကိုယ်ကို ဒီလို မေးခွန်းတွေ မေးကြည့်ပါ

  • ဘာလို့ ကိစ္စတွေ အဆင်ပြေလာရင် စိုးရိမ်စိတ်များပြီး သောကဖြစ်တာလဲ?
  • ဘာလို့ ကိုယ့်ကိုယ်ကို ဒါနဲ့တော့တန်တယ် မတန်ဘူးလို့ ပြောမိနေတာလဲ?
  • အမြဲ လက်ရှောင်၊ အချိန်ဆွဲပြီး ဖျက်ဆီးသလို ဖြစ်နေတဲ့ အကျင့်မျိုး ဖြစ်နေလား?

ကိုယ့်ကိုယ်ကို တိုးတက်ရာကနေ နှောင့်နှေးအောင် လုပ်မိနေတာဟာ အရင်က လုံခြုံမှုပေးခဲ့ပေမယ့် အခု လက်ရှိအချိန်မှာ အသုံးမဝင်တော့တဲ့ ယုံကြည်ချက်နဲ့ အပြုအမူဟောင်းတွေကြောင့် ဆက်လုပ်မိနေတာဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေမေးခြင်းဟာ ဒီလို အပြုအမူဟောင်းတွေက ဘာတွေလဲ? ဘာကြောင့်လုပ်မိနေတာလဲ? ဆိုတာတွေကို ဖော်ထုတ်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။


✔️ ဒီလို အကျင့်ဆိုးတွေကနေ ဘယ်လို ရုန်းထွက်မလဲ?

  • မကောင်းတဲ့ အတွေးတစ်ခု ဖြစ်တာနဲ့ “ဒါက အမှန်မဟုတ်ဘူး။ ဦးနှောက်က ကာကွယ်ဖို့ကြိုးစားနေတဲ့ ကိုယ့်ကိုယ်ကို ဖျက်ဆီးမှုပဲ” လို့တွေးပြီး အာရုံပြောင်းပစ်ပါ
  • ဖြစ်လာတဲ့ အတွေးတွေကို ပြန်ပြီး စိန်ခေါ်ကြည့်ပါ (ဥပမာ - ငါက ဒါနဲ့ ထိုက်တန်တာလည်း ဖြစ်နိုင်ပါတယ်။ တကယ်ထိုက်တန်တယ်ဆို ငါအခု ဘာလုပ်နေမလဲ? စတဲ့ မေးခွန်းမျိုး ပြန်မေးပါ)
  • မိမိကိုယ်ကို ဖျက်ဆီးတဲ့ အပြုအမူရဲ့ ဆန့်ကျင်ဘက် တစ်ခုခု (သေးသေးလေးပဲ ဖြစ်ဖြစ်) လုပ်ကြည့်ပါ။ တစ်ပတ်အတွင်း ပြီးရမယ့် ကျောင်းစာ ရှိတယ်ဆိုရင် နောက်ဆုံးရက်မှ မနားတမ်းလုပ်တာထက် ဒီနေ့မှာ တစ်နာရီလောက်ပဲ စလုပ်ကြည့်ပါ။

အကောင်းဆုံးဖြစ်စရာမလိုသလို တစ်ခါတည်းနဲ့ ကြီးကြီးမားမား ပြောင်းလဲပစ်ဖို့လည်း မလိုပါဘူး။ ကြောက်စိတ်ကို တွန်းလှန်ပြီး ဒီအကျင့်ကို ဖြည်းဖြည်းချင်း ဖျောက်သွားရမှာ ဖြစ်ပါတယ်။


🙌 မိမိကိုယ်ကို ဖျက်ဆီးခြင်းကို မိမိကိုယ်ကို အားပေးမှုနဲ့ အစားထိုးပါ

ကိုယ့်ကိုယ်ကို မကောင်းတဲ့ အကျင့်တွေလုပ်နေမိလို့ အပြစ်တင်မယ့်အစား “ဘာကိုကြောက်နေလို့/ ကြောက်စိတ်ကနေ ဘာလိုအပ်ချက်ရှိလို့ လုပ်မိနေတာလဲ” ဆိုတဲ့ အတွေးမျိုးနဲ့ အစားထိုးကြည့်ပါ။

မိမိကိုယ်ကို ဖျက်ဆီးတဲ့ အပြုအမူတွေက သူတို့ကို သတိပြုမိပြီး သေချာ အဖြေရှာမယ်ဆိုရင် အကျိုးသက်ရောက်မှုက နည်းသွားပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်လို အားပေးနိုင်လဲဆိုရင်

  • တစ်ခါတည်းနဲ့ အများကြီး ပြောင်းလဲဖို့ထက် ဖြည်းဖြည်းချင်း ဖြစ်နိုင်တဲ့ ပြောင်းလဲမှုအသေးတွေနဲ့ အရင်စကြည့်ပါ
  • စပြီး ကြိုးစားတာနဲ့ အနားယူတာကို လက်မခံတာ၊ ကိုယ့်ကိုယ်ကို ပေးမနားတော့တာမျိုး ဖြစ်တတ်တဲ့အတွက် ကြိုးစားမှုနဲ့ အနားယူခြင်းကို မျှတမှုရှိအောင် ချိန်ဆပါ
  • မိမိကိုယ်ကို ကောင်းမွန်တဲ့ စကားတွေပဲ ပြောပါ၊ စိတ်အဆင်မပြေတဲ့အချိန်မျိုးမှာဆိုရင် ပိုပြီး ပြောသင့်ပါတယ်
  • လိုအပ်ရင် အားနာစိတ်မထားဘဲ ဘေးကလူတွေဆီကနေ အကူအညီတောင်းပါ

ကိုယ့်ကိုယ်ကို ဖျက်ဆီးတဲ့ အပြုအမူတွေက ချို့ယွင်းချက်ကြောင့် ဖြစ်လာတာမဟုတ်ပါဘူး။ အရင်က ကိုယ့်ကို ကြောက်စိတ်ကနေ ကာကွယ်ပေးခဲ့ပေမယ့် အခုအချိန်မှာ ကောင်းကျိုးမပေးတော့တဲ့ အပြုအမူဟောင်းတွေပါ။ ဒီကနေ ရုန်းထွက်နိုင်ခြင်းက ကြောက်စိတ်တွေ လုံးဝမရှိတော့တာမျိုးမဟုတ်ပါဘူး။ ကြောက်နေတယ်ဆိုရင်တောင် ကိုယ့်ကောင်းကျိုးအတွက် လုပ်ဆောင်ရဲခြင်းပါ။ ဒါဟာ မလွယ်ကူပါပေမယ့် ပိုလုပ်နိုင်လေလေ၊ ဘဝက ပိုပြီး နေလို့ကောင်းလာတာကို သတိပြုမိလာပါလိမ့်မယ် …

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ