နာမည်ကြီး လူကြိုက်များတဲ့ မြောက်ဒဂုံက ထမင်းပေါင်း

နာမည်ကြီး လူကြိုက်များတဲ့ မြောက်ဒဂုံက ထမင်းပေါင်း

မင်မင် ဒီနေ့ ပြောပြပေးမှာကတာ့ မြောက်ဒဂုံ(၃၅)ရပ်ကွက်၊ ပင်လုံလမ်းမကြီးမှာရှိတယ့် သော်ကထမင်းပေါင်းဆိုင်လေးဘဲဖြစ်ပါတယ်။ စားသုံးသူတွေလည်းများပြားပြီး ဈေးကလည်းအရမ်းတန်တယ်။ ဆိုင် Decoration ကတော့အရမ်းကြီးတော့မဟုတ်ဘူး။ ပုံမှန် Street food ဆိုင်လောက်ဘဲ။ မင်မင်မှာစားဖြစ်တာကတော့....

အခေါက်ကင်ထမင်းပေါင်း- 1500mmk

အသား၊ အခေါက်အသား နဲ့ အခေါက်ကင် ဆိုပြီး ၃မျိုးရှိတယ်။ မင်မင်ကတော့ အခေါက်ကင်ကြွပ်ကြွပ်လေးစားချင်လို့ အခေါက်ကင်ထမင်းပေါင်းလေးမှာစားဖြစ်ခဲ့တယ်။ မုန်လာဥနီ၊ မုန်ညှင်း၊ ပန်းဂေါ်ပန်းပွင့် နှင့် ပဲသီးတို့ပါတယ်။ စားရတာချိုပြီး ကော်ရည်ပြစ်ပြစ် ပူပူလေးမို့စားလို့အရမ်းကောင်းတယ်။ ဝက်ခေါက်တူးနေတာလေးတွေရှိပေမယ့် တူးနေတဲ့ ဝက်ခေါက်လေးကိုက ထမင်း‌ပေါင်းနဲ့ လိုက်ဖက်နေတယ်။

အခေါက်အသားသုပ်- 2000mmk

အခေါက်အသားကိုရောပြီး ပဲငပိ အချိုရည်နဲ့သုပ်ပေးထားတယ်။ ဝက်ခေါက် ကြွပ်ကြွပ်လေးနှင့် အသားကလည်းအိအိလေးမို့စားရတာအရမ်းကောင်းတယ်။

သော်က ထမင်းပေါင်း · Pinlon Rd, Yangon, Myanmar (Birma)
★★★★☆ · Snackbar
ဆိုင်လိပ်စာ - ဆက်သွယ်ရေးမှတ်တိုင် နှင့် (၃၅)မှတ်တိုင်ကြား၊ ပင်လုံလမ်းမ၊ (၃၅)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။
ဖုန်း - 09459925270
ဆိုင်ဖွင့်ချိန် - မနက်(10)နာရီ မှ ည(6)နာရီ

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်