ဓာတ်ပုံရိုက်လို့ကောင်းမယ့် စမ်းချောင်းထဲက Bubble Tea Shop

ဓာတ်ပုံရိုက်လို့ကောင်းမယ့် စမ်းချောင်းထဲက Bubble Tea Shop

ဆိုင်လေးရဲ့ နာမည်ကတော့ TEA PLUS+ ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးကဖွင့်ထားတာတော့ သိပ်မကြာသေးဘူး။ ဆိုင်လေးကတစ်ဆိုင်လုံး အဖြူရောင်လေး။ ကြမ်းပြင်ကိုလည်း ထူးခြားအောင် ကျောက်စရစ်ခဲလေးတွေခင်းထားတယ်။ တိုက်ခန်းထဲမှာ ကျောက်စရစ်ခင်းထားတာတော့ မင်မင့်အတွက် အနည်းငယ်လေးထူးဆန်းစေတယ်။ ဒီ Bubble tea ဆိုင်လေးက Decoration ပိုင်းကိုပိုပြီး ဦးစားပေးထားတယ်လို့မြင်တယ်။ အဲ့တာနဲ့ မင်မင်လည်း အစားအသောက်လေးနည်းနည်းမှာစားဖြစ်တယ်.....

Strawberry Jasmine Tea Chezzo- 4000mmk

Strawberry အရသာပေါ်တယ်။ ချဉ်ချဉ်ချိုချိုလေးမို့သောက်လို့ကောင်းတယ်။ အပေါ်ယံလေးကတော့ Coffee Creamer လေးနဲ့မို့ စိမ့်တယ်။ မင်မင်သောက်လိုက်တာတော့ တော်တော်လေးအေးတယ်။ Brain Freezeတောင်ဖြစ်နိုင်တယ်။ မလန်းဆန်းဘူးဖြစ်နေတယ်ဆိုရင် ဒီ Strawberry Jasmine Tea ကိုသောက်ဖို့ Recommend ပေးချင်တယ်။

Chocolate Cake- 3000mmk

Chocolate များတယ်။ အီစိမ့်နေအောင် များတာမျိုးမဟုတ်ဘဲ Chocolate ရဲ့ အချို၊ အခါးအရသာလေးပေါ်လောက်အောင် Chocolate များတာ။ မင်မင်သဘောမကျတယ့်အချက်ကတော့ တစ်ခါသုံး plastic knife နဲ့ပေးတာပေါ့နော်။

မင်မင့်အမြင်ကတော့ အခန်းနံရံရဲ့ wall တွေကဖြူဖွေးနေလောက်အောင်ဖြူ‌တာမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် Photo Edit တွေ၊ IG effect တွေနဲ့ရိုက်မယ်ဆိုရင်တော့ နံရံကတော့ဖြူနေမှာဘဲ။ ကြမ်းပြင်ကျောက်စရစ်တွေကတော့ မင်မင်တွေးမိတယ် ဒေါက်ဖိနပ်တွေနဲ့ဆို အဆင်ပြေလောက်မယ်မထင်ဘူး။ 

ဆိုင်လိပ်စာ - မအူပင်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဖုန်း - 09785240474
ဆိုင်ဖွင့်ချိန် - မနက်(8)နာရီ မှ ည(7)နာရီ
https://www.facebook.com/teaplusshop

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်