Teaser video ထွက်လာတဲ့ Galaxy Z Fold 7 Ultra

ဒီနှစ်ရဲ့ Galaxy Z Series တွေမှာ မော်ဒယ်အသစ်တွေ ထပ်ပါလာမယ်ဆိုတဲ့ သတင်းက မှန်သွားပြီလို့ပြောရမှာပါ။ အခုတော့ Galaxy Z Fold 7 Ultra ရဲ့ Teaser Video အတိုလေးကို Samsung ဘက်ကနေ ဖော်ပြလာတာပဲဖြစ်ပါတယ်။

Samsung ကနေ Fold Series အတွက် Ultra မော်ဒယ်အသစ်တစ်မျိုး ထည့်လာမယ်ဆိုပြီး သတင်းတွေထွက်နေတာ အတော်ကြာခဲ့ပါပြီ။ 2025 မှာတော့ Galaxy Z Series အတွက် Z Fold 7 Ultra နဲ့ Z Flip 7 FE ဆိုပြီး မော်ဒယ်အသစ်တွေ မိတ်ဆက်သွားနိုင်ခြေရှိကြောင်း ခန့်မှန်းနေကြပြီးနောက် Fold 7 Ultra ကတော့ တကယ်ထွက်လာခဲ့ပါပြီ။

Teaser video ထဲမှာတော့ ဒီဖုန်းက အတော်လေးပါးလွှာတဲ့ ဒီဇိုင်းကို တွေ့ရမှာပါ။ ဘယ်လောက်အထိ ပါးမလဲဆိုတာ မဖော်ပြထားပေမဲ့ 4.9mm ရှိတဲ့ Z Fold Special Edition ထက်တော့ ပိုပါးလာမယ့်အပြင် Samsung ကနေ Fold 7 Ultra ဟာ အဆင့်မြင့်ဆုံး ကင်မရာစနစ်ပါလာမယ်လို့လည်း ဆိုထားပါတယ်။

ဆိုတော့ Z Fold 7 Ultra အသစ်ရဲ့ Spec: တွေကို မကြာခင်ထပ်တွေ့နိုင်ပါဦးမယ်။ ဇူလှိုင်လထဲမှာပဲ Galaxy Z Series ကို မိတ်ဆက်တော့မှာဆိုတော့ Z Fold 7 Ultra ကို တွေ့ရဖို့က သိပ်မလိုတော့ဘူးလို့ပဲ ဆိုရမှာပါ။