မြန်မာနိုင်ငံတွင် PUBG MOBILE သည် TECNO ၏ ပထမဦးဆုံး တရားဝင်မိတ်ဖက် (Official Partner) ဖြစ်ကြောင်း ကြေညာခြင်း

မြန်မာနိုင်ငံတွင် PUBG MOBILE သည် TECNO ၏ ပထမဦးဆုံး တရားဝင်မိတ်ဖက် (Official Partner) ဖြစ်ကြောင်း ကြေညာခြင်း

TECNO Mobileသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းလ်ဖုန်းအမှတ်တံဆိပ်တစ်ခု ဖြစ်ပြီး PUBG Mobile Creator Challenge နှင့် ပထမဆုံးအကြိမ် တရားဝင်မိတ်ဖက်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ပြိုင်ပွဲတွင် Game Influencer ၆၄ ဦး ပါဝင်မှာဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်ကာ အွန်လိုင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ TECNO POVA သည် ဤပြိုင်ပွဲတွင် တရားဝင် Sponsor အနေဖြင့် ပါဝင်မှာဖြစ်ပြီး ကစားသူများအား အဆင့်မြင့်နည်းပညာနှင့် ပေါင်းစပ်ထားပြီး ချော့မွေ့သွက်လက်သော ဂိမ်းအတွေ့အကြုံများကို ယူဆောင်လာပေးမှာ ဖြစ်သည်။

“TECNO POVA သည် Pouvoir စီးရီးများ၏ အောင်မြင်မှုနှင့် လူကြိုက်များမှု၏ အဓိက အချက်များ ဖြစ်သော ပရိုဆက်ဆာ၊မျက်နှာပြင်နှင့် ဘက်ထရီသက်တမ်း စသည် အစိတ်အပိုင်းများကို ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်သည် ။ PUBG MOBILE နှင့်ပူးပေါင်းခြင်းအားဖြင့် POVA သည် PUBG Mobileပရိသတ်များကို ပိုမိုထူးခြားသော ဂိမ်းအတွေ့အကြုံ ပေးစွမ်းနိုင်ရန် ရည်ရွယ်ပါသည်” ဟု TECNO Myanmar၏ Country Manager ဖြစ်သူ Mr. Jason Wong မှ ပြောကြားခဲ့ပါသည်။

“လူငယ်များအကြား မိုဘိုင်းဂိမ်း ကစားသူ ဦးရေသည် တစ်နေ့တစ်ခြား ကြီးထွားလာသည်နှင့်အမျှ ပိုမိုချောမွေ့သော ဂိမ်းအတွေ့အကြုံကို ပေးစွမ်းနိုင်ရန်အတွက် ကျွန်တော်တို့သည် hardware နှင့် software နှစ်ခုလုံး၏ နည်းပညာကို စဉ်ဆက်မပြတ် တိုးတက်အောင် ပြုလုပ်နေပါသည်။ အသစ်ထပ်မံ ထွက်ရှိလာမည်ဖြစ်သော TECNO POVA တွင် power packed battery ၊ , flash charging ၊ a turbo-charged processor နှင့် 6.8 inch display မျက်နှာပြင်တို့ ပါဝင်လာမှာြဖစ်ပြီး အကောင်းမွန်ဆုံးသော အင်္ဂါရပ်များနှင့်အတူ စံနှုန်းအသစ်တစ်ခုကို တည်ဆောက်နေသည်။ ” ဟု ထပ်မံပြောကြားခဲ့သည်။

သုံးစွဲသူများကို မကြုံစဖူး အတွေ့ကြုံ အသစ်အဆန်းများကို စဉ်ဆက်မပြတ် ထောက်ပံ့နိုင်ရန်အတွက် POVA သည် 6000mAh ဘက်ထရီကို အသုံးပြုထားသောကြောင့် တစ်ခါအားသွင်းထားရုံနှင့် Stand by အနေအထားဖြင့် ရက်ပေါင်း ၃၀၊ သီချင်းများကို ၈ ရက်ကြာအထိ တောက်လျှောက် ဖွင့်ထားနိုင်မှာ ဖြစ်သည်။ အသုံးပြုထားသည့် easy-to-use systems ကြောင့် image quality၊  mobile performance networking နှင့် power consumption တို့သည် ပိုမို ကောင်းမွန်လာမည့်အပြင် ၎င်းသည် စျေးနှုန်းထက် စွမ်းဆောင်ရည်မြင့်မားမည်မှာလည်း သေချာသည်။ Helio G80 Gaming Processor သည် high intensity gaming ကို အသင့်အနေအထားဖြင့် ပံ့ပိုးပေးထားပြီး high-performance experience အတွက် POVA၏ 128GB + 6GB နှင့် HyperEngine Game Technology ကြောင့် သွက်လက်သော စွမ်းဆောင်ရည်နှင့် စဉ်ဆက်မပြတ် ဂိမ်းကစားခြင်းကို ချောမွေ့စွာ ပံ့ပိုးပေးထားသည်။


“ PUBG Mobile Creator Challenge သည် ယခုနှစ်အတွင်း အကြီးမားဆုံးသော Esports ပွဲစဉ်တစ်ခုဖြစ်ပါသည်။ မိုဘိုင်းဂိမ်းများ လူကြိုက်များမှု တိုးတက်လာသည်နှင့်အညီ TECNO သည် စပွန်ဆာအနေဖြင့် ကစားသမားများနှင့် ၎င်းတို့၏ပရိသတ်များအတွက် ပိုမိုတန်ဖိုးရှိသော အမှတ်တရများကို ပေးအပ်ရန်ရည်ရွယ်သည်။ ဒီပြိုင်ပွဲတွင် ကစားသမားအားလုံး၏ စွမ်းရည်နဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကစားပုံများကို ကြည့်ရှုဖို့ ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါသည်” ဟု Jason ကပြောကြားသည်။“ ပြိုင်ပွဲက အခုဆိုလျှင် အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ ပြိုင်ပွဲကို ကျွန်တော်တို့ အားလုံး  စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်။ အနိုင်ရရှိသူကို POVA စမတ်ဖုန်းအသစ်ဖြင့် ဆုရသူကိုချီးမြှင့်ခြင်းဖို့ ကျွန်တော်တို့ ရန်ခုန်နေပါပြီ” ဟုလည်း ပြောကြားခဲ့ပါသည်။


Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ