Tesla ရဲ့ ဒုဥက္ကဌ ကုမ္ပဏီမှ နှုတ်ထွက်မယ်

Donald Trump နဲ့ Elon Musk တို့ အချေအတင်ဖြစ်ပြီး 152 ဘီလီယံတန်ဖိုးရှိ Tesla ရဲ့ ရှယ်ယာတွေ ဆုံးရှုံးသွားပြီးနောက် ထွက်ရှိလာတဲ့သတင်းပါ။
Milan Kovac ဟာ Tesla ရဲ့ Optimus လူသားစက်ရုပ်စီမံကိန်အပိုင်းမှာ ဒုဥက္ကဌအဖြစ် ဦးဆောင်နေသူတစ်ဦးပါ။ Kovac ကတော့ သောကြာနေ့တုန်းက X မှာရှိတဲ့ ကိုယ်ပိုင် account ကနေ "ကျွန်တော့်ဘဝရဲ့ အခက်ခဲဆုံးဆုံးဖြတ်ချက်ဖြစ်တဲ့ Tesla ကနေ ထွက်ခွာခြင်း” ကို လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြလာတာပါ။

ဒီသတင်းနဲ့အပြိုင်ထပ်တက်လာတဲ့ သတင်းနောက်တစ်ခုလည်း ရှိပါသေးတယ်။ အဲ့တာကတော့ Elon Musk အနေနဲ့ ဒီနှစ်ကုန်ကစပြီး Optimus လူတူစက်ရုပ်များကို စက်ရုံများမှာလုပ်ကိုင်နိုင်ရန်အတွက် ထောင်နဲ့ချီ ဖြန့်ဝေဖို့ ထုတ်လုပ်ခိုင်းတယ်ဆိုတဲ့ အကြောင်းပါ။ Kovac ထွက်ခွာရတဲ့အကြောင်းအရင်းကို တော်တော်များများက ရှယ်ယာဆုံးရှုံးမှုအချို့နဲ့ အချို့သောလုပ်ငန်းတွင်းကိစွတွေကြောင့်လို့ မှတ်ချက်ပေးနေကြပါတယ်။

ဒါပေမဲ့ Kovac ကတော့ "ကျွန်တော် အိမ်နဲ့ဝေးကွာနေတာ အချိန်ကြာမြင့်နေပြီး နိုင်ငံခြားမှာရှိတဲ့ မိသားစုနဲ့ အချိန်ပိုဖြုန်းဖို့လိုနေတာကြောင့်ပါ။ Elon Musk နဲ့ Tesla အပေါ် သူ့ရဲ့ ယုံကြည်မှုက ခိုင်မာမှုရှိနေတုန်းပါပဲ” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Kovac ဟာ Tesla မှာ Autopilot အဖွဲ့ရဲ့ အဆင့်မြင့်အင်ဂျင်နီယာအဖြစ် ၁၀ နှစ်ပါးအလုပ်လုပ်ခဲ့သူတစ်ဦးပါ။ 2022 မှာတော့ Optimus လူတူစက်ရုပ်စီမံကိန်းကို ဦးဆောင်ရန်ရွေးချယ်ခြင်းခံရပြီး 2024 နှစ်ဝက်လောက်မှစပြီး ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တာမို့ အချိန်ဘယ်လောက်မှမကြာသေးလို့ ဆိုရမှာပါ။