Texas နှင့် Austin မြို့၌ စတင်မိတ်ဆက်ခဲ့သည့် Tesla ​၏ robotaxi ဝန်ဆောင်မှုသည် စတင်မိတ်ဆက်ချိန်မှများမကြာမီအချိန်အတွင်းမှာပင် ဝေဖန်မှုများနှင့်ကြုံတွေ့လာခဲ့ရသည်။ ခရီးသည်များက  Online ပေါ်မှာ မောင်းနှင်မှုတွင်အန္တရာယ်ရှိသောအပြုအမူများပါဝင်သည့် ဗီဒီယိုများကို တင်ပြခဲ့ကြပြီး (ဥပမာအားဖြင့် လမ်းကြောင်းမှားသည့်ဘက်ကိုမောင်းခြင်း၊ ရုတ်တရက်မလိုအပ်ပဲ ဗရိတ်အုပ်ခြင်း စသဖြင့်မျှဝေခဲ့ကြသည်။

Reddit တွင်မြင်တွေ့ရသော စာမျက်နှာ တစ်ခုတွင် အန္တရာယ်အလွန်များသော ကိစ္စ ၁၁ ခုကျော် ပါဝင်သည့်ဗီဒီယိုကို မျှဝေထားပြီး video ထဲတွင် Robotaxi သည်ဆန့်ကျင်ဘက်လမ်းကိုဝင်သွားခြင်း၊ မလိုအပ်ဘဲ ဗရိတ်အုပ်ခြင်း စသည်တို့ဖြစ်သည်။ ဥပမာတစ်ခုအဖြစ် ဗီဒီယိုတစ်ခုတွင် ခရီးသည်က “ဆင်းမယ်” ကိုနှိပ်လိုက်ပြီးနောက် ယာဉ်က လမ်းအလယ်ခေါင်နေရာမှာရပ်သွားခဲ့ခြင်းကိုလည်းမြင်တွေ့ခဲ့ရသည်။

Tesla သည် ယခုဝန်ဆောင်မှုအတွက် Model Y ယာဉ်များကို အသုံးပြုပြီး ၎င်းတို့၏ Full Self-Driving (FSD) softwareနှင့်အတူ လုံခြုံရေးအတွက်စောင့်ကြည့်ရန်လည်း တာဝန်ပေးထားသည်။ ခရီးသည်အချို့က ခရီးစဉ်ချောချောမွေ့မွေ့ဖြစ်ခဲ့သည်ဟုဆိုသော်လည်း အင်ဂျင်နီယာများနှင့်နည်းပညာ ပညာရှင်များက အစောပိုင်းမိတ်ဆက် ကာလပိုင်းမှာတင် ပြဿနာများဖြစ်ပေါ်လာသည့်အတွက်စိုးရိမ်မှုများရှိလာကြသည်။

Elon Musk သည်ယခုလိုအခက်အခဲများရှိသော်လည်း 2026 ခုနှစ်တွင် robot taxi စနစ်ကို တစ်နိုင်ငံလုံးအထိ ကျယ်ကျယ်ပြန့်ပြန့်မိတ်ဆက်နိုင်မည်ဟု ယုံကြည်နေဆဲဖြစ်သည်။ သို့သော်လည်း Austin မှာ စတင်မိတ်ဆက်ခြင်းသည် စက်ရုပ်တက္ကစီနည်းပညာအတွက် စိန်ခေါ်မှုများစွာရှိနေသေးကြောင်းကို ထင်ရှားစေခဲ့သည်။