Xiaomi 16 ၏ဘက်ထရီသည် ယခင်ထွက်ရှိခဲ့သော Number series များထပ်ပိုမိုကြီးမားလာမည်ဖြစ်ပြီး စက်တင်ဘာလကုန်တွင်မိတ်ဆက်မည်ဟု ကောလာဟလများထွက်ပေါ်နေပြီဖြစ်သည်။

အကြောင်းကတော့ ယခင် Xiaomi 15 ထွက်ချိန်တည်းက battety ပမာဏပိုများသင့်ပေမဲ့ အခြားအရာများသာ အနည်းငယ်ပြောင်းလဲပေးခဲ့ပါတယ်။Specification တစ်ခုအနေနဲ့ Battery ပမာဏကလဲအရေးပါလာသည့်အတွက် ယခုထွက်ရှိမဲ့ Xiaomi 16 မှာတော့ သိသာစွာတိုးတက်လာလိမ့်မည်ဟုသီတင်းထွက်ပေါ်လာခဲ့ပါပြီ။

ပထမအကြိမ်မှာ 6,800 mAh ကြားရပြီး ဒုတိယအကြိမ်မှာတော့ 6,500 mAh ကျော်တယ်လို့ဆိုပါတယ်။ယနေ့ တရုတ်မှာထွက်ရှိလာတဲ့ ကောလာဟလအသစ်တစ်ခုက 7,000 mAh လို့လဲပြောထားပါသေးတယ်။Display size မှာ 6.3" (သို့)6.39ရှိပါလိမ့်မယ်။

Xiaomi 16 တွင်အရင် series များထပ်ပိုပါးပြီး OLED display၊ Snapdragon 8 Elite 2 chipset နှင့် 50 MP back camera ၊32 MP selfie နှင့် periscope telephotoတို့ ပါဝင်လာမည်လို့သိရပါတယ်။