ကန်လမ်းက Burger ၄မျိုး ရတဲ့ဆိုင်

ကန်လမ်းက Burger ၄မျိုး ရတဲ့ဆိုင်

ကန်လမ်း The Luach Burger & Bowl က Burger (၄)မျိုးဒီဆိုင်ကို Facebook မှာ တွေ့နေတာတော့ ကြာပြီ။ သူ့ဆီမှာ Burger (၄)မျိုးရှိပြီး စားချင်စရာလေးတွေ။ (၄)မျိုးစလုံး စားကြည့်ချင်တာနဲ့ ဒီ Burger တွေကို Mini Burger လုပ်ထားတဲ့ Slider The Luach Pack မှာစားကြည့်ခဲ့တယ်။

Slider The Luach Pack - 7500 Ks

(1) Salted Egg Fried Chicken Burgerသူ့ Burger bun ပေါင်မုန့်သား ကောင်းတယ်။ ကြက်ကြော်က ကြော်ထားတာ ကြွပ်ကြွပ်ရွရွလေး။ ခရမ်းရောင် ဂေါ်ဖီကို salad လုပ်ထားပြီး Nacho cheese sauce၊ mayonnaise တို့ပါတယ်။

(2) Teriyaki Grill Chicken Burger ကြက်သားကို Teriyaki Sauce နဲ့ grill လုပ်ထားတာ။

(3) The Luach Signature Beef Burgerအမဲသားရဲ့ အသားအရသာပေါ့တယ်။သခွါးသီး၊ ခရမ်းချဉ်သီး၊ Chedder Cheese တို့ပါတယ်

(4) Truffle Burgerအမဲသား၊ Chedder Cheese ၊ Truffle မှို ၊ ကြက်သွန်ကြော်ချက် တို့နဲ့လုပ်ထားတာ။ Burger ထဲမှာတော့ ဒီ burger ကို ကြိုက်တယ်အသားတွေအရသာပေါ့တယ်။ မင်မင့်အတွက် Burger တွေက အရမ်းကြီးကောင်းတဲ့ထဲတော့ မပါဘူး။

အရသာ (၄)မျိုး မြည်းစမ်းရပြီး 7500 Ks ပေးရတာဟာ Burger တစ်လုံးချင်းစျေးထက် တန်တယ်လို့ခံစားရတယ်။

Popcorn Chicken - 4200 Ks

ကြက်ကြော် အတုံးလေးတွေ Chicken popcorn လိုမျိုးကို ကြွပ်ရွနေအောင်ကြော်ထားပြီး အပေါ်က ကြက်သွန်မြိတ်ဖြူး၊ Nacho sauce လောင်းထားတယ်။ တော်တော်စားကောင်းပါတယ်။ ကြက်ကြော်က အတွင်းထဲထိ အရသာဝင်တယ်။ ဒီဆိုင်မှာတော့ စားကြည့်သင့်တဲ့ menu ပဲ

Kimchi Cheese Fries - 4100 Ks

အာလူးချောင်းကြော်ကိုလည်း အပေါ်က ကြက်သွန်မြိတ်၊ Furikake ဖြူး၊ Nacho sauce လောင်းထားတယ်။ ဒါ့အပြင် ကင်ချီရယ် Greek Yogurt နည်းနည်းရယ် အပေါ်က အုပ်ပေးထားသေးတယ်။မင်မင့်အတွက် ကင်မ်ချီနဲ့ အာလူးချောင်းက မလိုက်ဖက်ဘူးလို့ ခံစားရတယ်။

Ice Latte - 2500 Ks

ကော်ဖီကတော့ ပုံမှန်ပါပဲ။ ထွေထွေထူးထူး မရှိဘူးဒီဆိုင်က Decoration အပြင်အဆင် ရိုးစင်းတယ်။ Menu က သိပ်မများဘူး။ Burger ဆိုင်ဆိုပေမယ့် Burger (၄)မျိုးလောက်ပဲရှိတယ်။ ဒီဆိုင်က ပေါ့ပေါ့ပါးပါး ထိုင်ချင်ရင်တော့ အဆင်ပြေတယ်။ ကော်ဖီတွေက စျေးသင့်ပေမယ့် Food ကတော့ သက်သာတဲ့အထဲတော့မပါဘူး။

The Luach Burgers Cafe’ · 32 Kan St, Yangon, Myanmar (Birma)
★★★★☆ · Hamburgerrestaurant

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်