Korean food အရသာစစ်စစ်ကိုရရှိမယ့် တောင်ဥက္ကလာက Restaurant တစ်ဆိုင်

Korean food အရသာစစ်စစ်ကိုရရှိမယ့် တောင်ဥက္ကလာက Restaurant တစ်ဆိုင်

မင်မင် ဒီ‌နေ့ ပြောပြပေးမှာက တောင်ဥက္ကလာပမြို့နယ်ထဲမှာရှိတယ့် The Table Restaurant ဆိုင်လေးအကြောင်းဘဲဖြစ်ပါတယ်။

ဆိုင်အပြင်အဆင်လေးကတော့ Korea ဆိုင်တစ်ဆိုင်လိုဘဲ။ နေရာကျယ်တယ်။ အပေါ်ထပ်အောက်ထပ်ရှိတော့ လူအများကြီးလာပြီးစားလည်းအဆင်ပြေတယ်။ Service ပိုင်းအရလည်းတော်တော်လေးကောင်းတယ်။

မင်မင်တို့မှာစားဖြစ်တာလေးကတော့....

Grilled Pork Belly Set- 16000MMK

Grilled Pork Belly Set မှာဆိုရင် အဓိက main dishes တွေအနေနဲ့ကတော့ Grilled Belly Pork နှစ်ယောက်စာ၊ Stew ဟင်းတစ်ပွဲ (Kimchi Pork Stew၊ Soybean Paste Stew၊ Spicy Soft Tofu Stew ဆိုပြီး 3မျိုးရှိတယ် တစ်မျိုးယူလို့ရတယ်)၊ Pancake(Vegetable Pancake နဲ့ Kimchi Pancake ဆိုပြီး နှစ်မျိုးရှိတယ်။ တစ်မျိုးကိုရွေးယူလို့ရတယ် ဒါမှမဟုတ် နှစ်မျိုးလုံးစားချင်တယ်ဆိုလည်း Kimchi တစ်ဝက် Vegetable တစ်ဝက်ယူလို့ရတယ်။) Side Dishes တွေအနေနဲ့ကတော့ Kimchi၊ ပဲပြားကြော်၊ မုန်လာချဉ်၊ ကြက်သွန်မြိတ်သုပ်တို့ပါတယ်။

Grilled Pork Belly ကတော်တော်လေးစားလို့ကောင်းတယ်။ အပြားလိုက်မဟုတ်ဘဲ Korea ပုံစံလိုမျိုးအတုံးတုံး‌လေးတွေ။ ဟင်းခတ်မှုန့်တွေ အများကြီးနဲ့နယ်ထားတာမျိုးမဟုတ်ဘဲ ဝက်ဗိုက်သားအရသာကို အဓိကရတယ်။ Sauce ကလည်းတော်တော်လေးကောင်းတယ်။ ဝက်ဗိုက်သားနဲ့အတူဆလပ်ရွက် Kimchi တို့နဲ့တွဲစားလို့ရလို့ တော်တော်လေးသဘောကျမိတယ်။

Kimchi Pork Stew မှာဆိုရင် Kimchi၊ ဝက်သား၊ ကြက်သွန်မြိတ်၊ ပဲပြား၊ ငရုတ်သီးတို့ပါဝင်တယ်။ အရသာသင့်ပြီးတော့ အရမ်းလည်းမငန်ဘူး။ စားလိုက်တာနဲ့ Korean Stew အရသာစစ်စစ်ကိုရတာမို့ စားရတာတော်တော်လေးသဘောကျမိတယ်။

Pancake ကတော့ မင်မင်တို့က တစ်ဝက်တစ်ဝက်စီ try ကြည့်ခဲ့တယ်။ Korean pancake အတိုင်းကြက်ဥနဲ့လုပ်ထားတယ်။ Kimchi Pancake ကတော့ နည်းနည်းလေးချဉ်ပြီးစားလို့ကောင်းတယ်။ Vegetable Pancake မှာတော့ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ မုန်လာဥနီတို့ပါတယ်။ စားရတာစိမ့်ပြီး အဆင်ပြေတယ်။ Pancake မှာဆိုရင်တော့ Kimchi Pancake ကိုစားကြည့်ဖို့ recommendပေးချင်တယ်။

Side dishes တွေမှာတော့ ပဲပြားကြော်လောက်ဘဲ အပေါ့ဘက်ရောက်ပြီး ကျန်တဲ့ Kimchi၊ မုန်လာချဉ်၊ ကြက်သွန်မြိတ်သုပ်တို့ကတော့ အချဉ်ဘက်ရောက်တယ်။ အအီပြေအောင်လုပ်ပေးထားတယ်လို့မြင်မိတယ်။

Jjajang Noodle- 5000MMK

Jjajang Noodle(ပဲခေါက်ဆွဲ) မှာတော့ ပဲအနှစ်တော်တော်များများပါတယ်။ ကြက်ဥ တစ်ခြမ်း ၊ဝက်သား၊ သခွားသီးတို့လည်းပါသေးတယ်။ အရသာက အနည်းငယ်လေးချိုပြီးစားလို့ကောင်းတယ်။ ပဲအရသာလည်းပေါ်တယ်။ အသားတွေလည်းအများကြီးပါတယ်။

မင်မင့်အမြင်ကတော့ ပဲခေါက်ဆွဲကလည်း potion များတယ်။ တစ်ပွဲနဲ့တင် တစ်ယောက်ဝလောက်တယ်။ Grilled Pork Belly Set ကလည်း နှစ်ယောက်စာလို့ပြောထားတဲ့အတိုင်း တကယ်ကို နှစ်ယောက်အေးဆေးစားလို့ရတယ်။ Korean အရသာလည်း ရတာမို့ တော်တော်လေးစားရတာအဆင်ပြေပြီး တန်တယ်လို့ပြောလို့ရတယ်။

The Table · MM Yangon No.149 Parami Road, 4th Quarter, Yangon, Myanmar (Birma)
★★★★☆ · Koreaans restaurant

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်