ကမ္ဘာမှာ ရင်သပ်ရှုမောစရာအကောင်းဆုံးရေတံခွန် ၅ ခုက

ကမ္ဘာမှာ ရင်သပ်ရှုမောစရာအကောင်းဆုံးရေတံခွန် ၅ ခုက

ကျွနု်ပ်တို့နေထိုင်ရာကမ္ဘာမြေကြီးပေါ်မှာ အံဩစရာကောင်းလောက်အောင်ထူးခြားပြီးလှပတဲ့အရာတွေရှိပါတယ်။သဘာဝတရားအတိုင်းဖြစ်ပေါ်နေတဲ့ အလှအပတရားတွေကလည်းမရေမတွက်နိုင်လောက်အောင်များပြားပါတယ်။ သဘာဝတရားကြီးကဘယ်လောက်တောင်အလှတရားကိုချစ်မြတ်နိုးသလဲဆိုရင် ငေးမော့လို့မကုန်နိုင်သောတောင်တန်းရဲ့အလှတရားတွေ စိတ်ကိုလန်းဆန်းစေတဲ့ပန်းပင်တွေများပြားလွန်းလှပါတယ်။ ကမ္ဘာမြေကြီးပေါ်မှာ ထူးဆန်းပြီးလှပတဲ့အထဲကမှ နာမည်ကြီးပြီးအရမ်းကိုလှပတဲ့ရေတံခွန် ၅ ခုကိုပြောပြပေးချင်ပါတယ်။
Ban Gioc Waterfalls
ဗီယက်နမ်နိုင်ငံရဲ့ မြောက်ဘက်မှာတည်ရှိတဲ့ ရေတံခွန်တစ်ခုဖြစ်ပြီး တရုပ်ပြည်နဲ့လည်းနီးစပ်ပါတယ်။ ရေတံခွန်ရဲ့အရှည်က 30 မီတာရှည်လျားပါတယ်။ Hanoi မြို့ကနေသွားရင်တော့ ၈နာရီခန့်ကြာပြီးတော့ ဗီယက်နမ်နိုင်ငံနဲ့ တရုပ်နိုင်ငံအတွက်လည်းဆို ကမ္ဘာလှည့်ခရီးသွားတွေအတွက် မဖြစ်မနေသွားသင့်တဲ့ရေတံခွန်လည်းဖြစ်ပါတယ်။

နိုင်အာဂရာမြစ်ပေါ်မှာတည်ရှိပြီးတော့ ထုထည်လည်းတော်တော်လေးကိုကြီးမားပါတယ်။ ကနေဒါနိုင်ငံ အွန်တေရီအိုဒေသနှင့် အမေရိကန်ပြည်ထောင်စုနယူးယောက်ပြည်နယ်တို့အကြားမှာတည်ရှိပါတယ်။ ဒီရေတံခွန်နဲ့ပတ်သပ်ပြီးထူးခြားတာတစ်ခုက လူတွေအလှဆင်ထားတဲ့ ညဘက်ဆိုရင် သက်တန့်လိုမီးအရောင်တွေနဲ့အလှဆင်ထားမှာဖြစ်ပါတယ်။ဓာတ်ပုံတွေထဲမှာတောင်အရမ်းလှနေတယ်ဆိုရင်တော့ နယူးယောက်မြို့ကိုသွားလည်ရင်တောင် မမေ့နိုင်တဲ့မြင်ကွင်းတစ်ခုအနေနဲ့သွားရောက်လည်ပတ်သင့်ပါတယ်နော်။


Angel Waterfalls
Angel Falls ကဗင်နီဇွဲလားနိုင်ငံမှာတည်ရှိပြီးတော့ ကမ္ဘာအမြင့်ဆုံးရေတံခွန်လည်းဖြစ်ပါတယ်။ရေတံခွန်ရဲ့အမြင့်အပေက ၉၂၉ မီတာရှိပါတယ်။ ရေတံခွန်ရဲ့အလှကအမြင့်ကနေမြင်တွေ့ရလျှင် အံဩစရာကောင်းလောက်အောင် စီးဆင်းနေတဲ့အတွက် Angel လို့တောင်တင်စားခေါ်ဝေါ်ရပါတယ်။


Iguazu Falls
အင်ဂျင်တီးနားနိုင်ငံရဲ့ Misiones Province များတည်ရှိပြီးတော့ ရေမျက်နှာပြင်အထက်က ၁၉၅ မီတာရှိပါတယ်။ ပုံစံကလည် U ပုံသဏ္ဌာန်ဖြစ်ပြီး ရေတံခွန်တစ်လျှောက်လုံးတံတားလေးလို့ရှိတဲ့အတွက်လည်း ခရီးသွားများအနေနဲ့မဖြစ်မနေကိုသွားလည်သင့်ပါတယ်နော်။ အကျယ်အဝန်းအတိုင်းအတာကလည်း ၂၆၉ ပေရှိပြီးတော့ ၄၉၂ ပေကျယ်ပါတယ်။


Plitvice Lakes National Park
အမျိုးသားဥယျာဉ်ရဲ့အရှေ့တောင်ဥရောပတွင်ရှေးအကျဆုံးအမျိုးသားဥယျာဉ်တစ်ခုဖြစ်ပြီးခရိအေးရှားနိုင်ငံမှာဆိုလည်း အမျိုးသားဥယျာဉ် ၇ ခုရှိပြီး သဘာဝဥယျာဉ် ၁၀ ခုလည်းရှိပါတယ်။ Wonderland လို့လည်းတင်စားရလောက်အောင်လည်းလှပါပါတယ်နော်။

Kelly  - Akhayar Lifestyle

Photo Credit -World Of Waterfalls

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ