Tiger Beer မှ မြန်မာနိုင်ငံရှိ မျိုးဆက်သစ်လူငယ်များအတွက် အိပ်မက်များအကောင်အထည်ဖော်နိုင်မည့် အခွင့်အရေးအသစ်တစ်ခုဖြစ်သော “Tiger နဲ့အတူ အိပ်မက်တွေဆီ” အစီအစဉ်ကို ပြုလုပ်ပေးခဲ့

Tiger Beer မှ မြန်မာနိုင်ငံရှိ မျိုးဆက်သစ်လူငယ်များအတွက် အိပ်မက်များအကောင်အထည်ဖော်နိုင်မည့် အခွင့်အရေးအသစ်တစ်ခုဖြစ်သော “Tiger နဲ့အတူ အိပ်မက်တွေဆီ” အစီအစဉ်ကို ပြုလုပ်ပေးခဲ့

ဇွန်လ ၁၃ ရက်နေ့ Pan Pacific Hotel တွင် Tiger Beer မှ မြန်မာနိုင်ငံရှိ မျိုးဆက်သစ်လူငယ်တွေအတွက် အိပ်မက်များအကောင်အထည်ဖော်နိုင်မည့် အခွင့်အရေးအသစ်တစ်ခုဖြစ်သည့် “Tiger နဲ့ အတူ အိပ်မက်တွေဆီ” အစီအစဉ် ကျင်းပပြုလုပ်ခဲ့ပြီး မိမိတို့ စိတ်ကူးသစ်တွေကို အကောင်အထည်‌ဖော်ရင်း အရောက်လျှောက်လှမ်းခဲ့ကြသည့် မျိုးဆက်သစ်လူငယ်များကိုလည်း ဂုဏ်ပြုအခမ်းအနားပြုလုပ်ပေးခဲ့သည်။

“Tiger နဲ့ အတူ အိပ်မက်တွေဆီ” အစီအစဉ်ကို မေလ ၁၁ ရက်တွင် Tiger Beer Myanmar မှ တစ်ဆင့် စတင်မိတ်ဆက်ခဲ့သည်။ ထိုအစီအစဉ်ထဲတွင် အသက်မွေးဝမ်းကျောင်း ပညာရပ် ၅ ခု ဖြစ်သော ဓာတ်ပုံပညာ၊ မိတ်ကပ်ပညာ၊ ဖက်ရှင်ပညာ၊ ရုပ်ရှင်ပညာနှင့် ဂရပ်ဖစ်ဒီဇိုင်းပညာရပ်များ ပါဝင်ပြီး အဆိုပါ ပညာရပ်များကို မျိုးဆက်သစ်လူငယ်များက သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် အနီးကပ် အခမဲ့ သင်ယူခွင့် ရရှိခဲ့ကြသည်။

“Tiger နဲ့ အတူ အိပ်မက်တွေဆီ” အစီအစဉ်ကို မေလ ၁၁ မှ မေလ ၂၄ ရက်နေ့အထိ အွန်လိုင်းမှ တစ်ဆင့် စာရင်းသွင်း လက်ခံခဲ့ပြီး စာရင်းသွင်းသူ စုစုပေါင်း ၉၀၀ ကျော်ရရှိခဲ့ကာ ထိုထဲမှ Finalist ၂၄ ယောက်ကို အဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့သည်။ အဆိုပါ ရွေးချယ်ခဲ့ရသူ ၂၄ ယောက်ကို ၎င်းတို့ စိတ်ဝင်စားရာ ပညာရပ်များအလိုက် သင်ထောက်ကူပစ္စည်း အပြည့်အစုံဖြင့် ၂ ပတ်ကြာ (မေလ ၃၀ ရက်မှ ဇွန်လ ၁၁ ရက်) စခန်းသွင်း အနီးကပ် သင်ကြားပို့ချပေးခဲ့သည်။

သင်ကြားပေးခဲ့သော ပညာရပ်များနှင့် ကျွမ်းကျင်ပညာရှင်များမှာ ဓာတ်ပုံပညာကို ကိုသီဟ Soul (Director/Photographer), Soul Production က လည်းကောင်း၊ မိတ်ကပ်ပညာရပ်ကို မိတ်ကပ် မထက် (Pop Soul) က လည်းကောင်း၊ ဖက်ရှင်ပညာရပ်ကို ဖက်ရှင်ဒီဇိုင်နာ ငြိမ်းကို (Chic & Chic) က လည်းကောင်း၊ ရုပ်ရှင်ပညာရပ်ကို ကိုနေ့သစ် (Independent Filmmaker) က လည်းကောင်း၊ ဂရပ်ဖစ်ဒီဇိုင်းပညာရပ်ကို ကိုပြည့်ဝေမြဝင်း (Creative Designer) က လည်းကောင်း သက်ဆိုင်ရာပညာရပ်အလိုက် အသီးသီး ပူးပေါင်းပါဝင် အားဖြည့်သင်ကြားပေးခဲ့ကြသည်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်