TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံတိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂০ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သောဥပဒေအရ TikTok ကိုဇန်နဝါရီ ၁၉ ရက်မတိုင်မီ ByteDance မှရောင်းချရမည်ဖြစ်ပြီး မဖြစ်မနေရောင်းချရမည့်အကြောင်းမှာ TikTok ကိုတရုတ်အစိုးရနှင့်ဆက်စပ်နေမှုကြောင့် အမေရိကန်ပြည်သူများ​၏ကိုယ်ရေးအချက်အလက်နှင့်လုံခြုံရေးအန္တရာယ်ရှိသည်ဟုယူဆခြင်းကြောင့်ဖြစ်သည်။

ထရမ့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ဒုတိယသမ္မတသက်တမ်းစတင်ပြီးနောက် မူလ TikTok ပိတ်ရန်အမိန့်ကို enforcement မပြုခဲ့ဘဲ ပထမတစ်ကြိမ်အဖြစ် deadline ကို ဧပြီထိတိုးခဲ့သည်။ ထို့နောက် ဒုတိယအကြိမ် ဇွန် ၁၉ ထိတိုးခဲ့ပြီး ယခု တတိယအကြိမ်အဖြစ် စက်တင်ဘာလအထိ နောက်ထပ် ၉၀ ရက်ထပ်တိုးခြင်းကိုပြုလုပ်ပေးခဲ့သည်။

ထရမ့်က TikTok သည် ၂၀၂၄ မဲဆွယ်ရေးတွင် လူငယ်မဲဆန္ဒရှင်များထံမှ ထောက်ခံမှုရရှိစေနိုင်သောပလက်ဖောင်းဖြစ်ကြောင်းပြောကြားဖူးခဲ့သည်။

ByteDance သည် TikTok ၏အမေရိကန်လုပ်ငန်းရှင်နှင့်ရင်းနှီးမြှုပ်နှံသူများအုပ်ချုပ်မည့် U.S.-based ကုမ္ပဏီအဖြစ် ပြန်လည်ဖွဲ့စည်းရန် စီစဉ်ခဲ့သော်လည်း ထရမ့်အစိုးရက တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်မြှင့်သည့်ကြေညာချက်များကြောင့် တရုတ်အစိုးရက ယင်းအပြောင်းအလဲကို ခွင့်မပြုတော့ဟု ပြောကြားခဲ့သည်။

ဒီမိုကရက်ပါတီဝင် ဝန်ကြီးများနှင့် ဥပဒေရေးရာ တာဝန်ရှိသူများက ထရမ့်သည် deadline တိုးရန် တရားဝင်အာဏာမရှိကြောင်းဆိုကြသည်။

ထရမ့်သည် Deadline တိုးရန်အတွက် TikTok ကိုတရုတ်အစိုးရဘက်မှ ခွင့်ပြုရန်လိုအပ်သည်ဖြစ်ပြီး “ထင်တာကတော့ ခွင့်ပြုမယ်၊တရုတ်သမ္မတကနောက်ဆုံးမှာ OK ပြောမယ်ထင်တယ်” ဟု ပြောကြားခဲ့သည်။ထိုအရာသည် တရုတ်နှင့် သံတမန်ရေးရာဆက်ဆံရေးအပေါ်လည်း သက်ရောက်မှုရှိနိုင်သည်ဟု ခန့်မှန်းရသည်။

TikTok ကိုတတိယအကြိမ်မြောက် သက်တမ်းတိုးမြင့်မှုအပေါ် အမေရိကန် တရားရေးနှင့်လွတ်တော်​၏တုံ့ပြန်ပြောဆိုလာမှုများကို လူအများကစောင့်ကြည့်နေကြသည်။