TikTok လိုမျိုး ပုံစံအသစ်နဲ့ တွေ့ရဦးမယ့် Netflix

TikTok လိုမျိုး ပုံစံအသစ်နဲ့ တွေ့ရဦးမယ့် Netflix

အလွယ်ပြောရမယ်ဆိုရင် TikTok လို Short Video တွေ ကြည့်နိုင်အောင် Feed အသစ်တစ်ခု လုပ်ပေးသွားမယ့်ပုံစံမျိုးပါ။ ဒီ Feature ကိုတော့ လာမယ့်အပတ်ထဲမှာ စပြီးစမ်းသပ်သွားမယ်လို့ Netflix က ကြေညာထားပါတယ်။ 

သုံးရမယ့်ပုံစံကတော့ TikTok, YouTube Short, Instagram Reels တွေလိုပဲ Feed မှာ scroll လုပ်ရင်း ရုပ်ရှင် review တွေ teaser တွေနဲ့ ဇာတ်ဝင်ခန်းအချို့ကို ကြည့်နိုင်မယ်။ Video clip တွေကြည့်ရင်း ကြိုက်တဲ့ရုပ်ရှင်တွေ့ပြီဆိုရင် တစ်ကားလုံးကြည့်ဖို့အတွက် Watch Now ကို နှိပ်လိုက်ရင်ရမယ်၊ My list ထဲမှာ ထည့်သိမ်းထားလို့ရမယ်။ နောက်ပြီး Sharing လုပ်လို့ရမယ်။ 

Social Media သုံးတဲ့သူအများစုက အခုနောက်ပိုင်း Quick Entertainment တွေကို ပိုပြီးသဘောကျလာကြပြီး ရုပ်ရှင် စီးရီးတွေကို အချိန်ပေးကြည့်တာတွေက တဖြေးဖြေးပျောက်ကွယ်လုနီးပါးဖြစ်လာပါပြီ။ ဒါကြောင့်လည်း Netflix ကနေ ဒီလိုမျိုး Feature အသစ်နဲ့အတူ ရုပ်ရှင်စီးရီးအပေါ် ကြည့်ရှုနှုန်းပြန်လည်မြင့်တက်လာစေဖို့ လုပ်ဆောင်နေတယ်လို့ ပြောရမှာပါပဲ။ 

ဒီ Feature အသစ်စမ်းသပ်မှုကိုတော့ လာမယ့်အပတ်ထဲမှာတင် iOS နဲ့ Android အကုန်လုံးမှၢစတင်မိတ်ဆက်သွားမှာပါ။ Application ထဲက Homepage မှာတင် Tab အသစ်တစ်ခုနဲ့ ပေါ်လာမှာဖြစ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရုပ်ရှင် crazy တွေအတွက်တော့ ပိုကောင်းတဲ့ Feature ပဲပေါ့လေ...

Read more

ပခုံးခွဲစိတ်မှုခံယူမယ့် ဘယ်လင်ဂမ်ကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ရီးရဲလ်မက်ဒရစ်အသင်းကြီးမားတဲ့ထိုးနှက်ချက်ကြုံတွေ့

ပခုံးခွဲစိတ်မှုခံယူမယ့် ဘယ်လင်ဂမ်ကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ရီးရဲလ်မက်ဒရစ်အသင်းကြီးမားတဲ့ထိုးနှက်ချက်ကြုံတွေ့

အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ (၁၈)လကြာနာကျင်မှုကိုခံစားကာ ပွဲကစားခဲ့ပြီးနောက် နွေရာသီမှာ ပခုံးခွဲစိတ်မှုခံယူမှာဖြစ်တဲအတွက် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ လာလီဂါ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ လာလီဂါ

ဘာစီလိုနာ - ရီးရဲလ်မက်ဒရစ် (လာလီဂါ) (11 May 2025/ 8:45 pm) ဒီရာသီက El Clasico ဟန်ချက်မညီတဲ့ရာသီလို့ ပြောလို့ရတယ်။ ကစားထားတဲ့ (၃)ပွဲလုံး ဘာစီလိုနာက အနိုင်ရခဲ့တဲ

စာချုပ်ဆွေးနွေးမှုတွေကို ရပ်တန့်ပြီး အယ်လ်နာဆာအသင်းမှာ စီရော်နယ်ဒိုရဲ့အနာဂတ်မရေမရာဖြစ်နေ

စာချုပ်ဆွေးနွေးမှုတွေကို ရပ်တန့်ပြီး အယ်လ်နာဆာအသင်းမှာ စီရော်နယ်ဒိုရဲ့အနာဂတ်မရေမရာဖြစ်နေ

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေကို ရပ်တန့်ထားတာကြောင့် အသင်းမှာ သူ့ရဲ့အနာဂတ်မရေမရာဖြစ်နေတယ်လိ

Privacy ချိုးဖောက်လို့ဒဏ်ငွေဆောင်ရမည့် Google

Privacy ချိုးဖောက်လို့ဒဏ်ငွေဆောင်ရမည့် Google

Google သည်Texasပြည်နယ်တွင် သုံးစွဲသူများ၏ဒေတာနှင့်ကိုယ်ရေးအချက်အလက် ချိုးဖောက်မှု စွပ်စွဲချက်များအတွက် ဒေါ်လာ ၁.၃၇၅ ဘီလီယံ ပေးဆောင်ရန်ရှိသည်။ Google သည်တက္ကဆက်ပြည်