US App Store တွေမှာ TikTok ပြန်ရောက်လာပြီးနောက် TikTok နဲ့ပတ်သက်ပြီး သတင်းအစအနပျောက်သွားတော့တာကနေ ခုပြန်ပြီးသတင်းပြန်တက်လာပြန်ပါတယ်။ 

အဲ့တာကတော့ Trump က TikTok ကို ဝယ်ချင်နေတဲ့ အဖွဲ့ ၄ ဖွဲ့နဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်နေကြောင်း ပြောလာတာပါ။ အဖွဲ့ ၄ ဖွဲ့အကြောင်း တိတိကျကျမဖော်ပြထားပေမဲ့ အဖွဲ့ ၄ ဖွဲ့လုံးက အဆင်ပြေနေကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ 

TikTok ကို ၇၅ ရက်ကြာရွေ့ဆိုင်းထားတာဆိုတော့ နောက်ဆုံးရက်အရ တွက်ကြည့်မယ်ဆိုရင် ဧပြီလ ၄ ရက်နေ့လောက်ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း ပြန်ပိတ်သိမ်းဖို့ ရက်အရမ်းကြီးမနီးလာခင် ဝယ်မယ့်သူတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတာလို့ ထင်ပါတယ်။ 

ByteDance ဘက်ကတော့ အရောင်းအဝယ်တွေအပေါ် ဘာမှတ်ချက်မှ ပေးထားခြင်းတော့ မရှိသေးပါဘူး။ သေချာတာတော့ မတ်လနောက်ဆုံးအပါတ် မဟုတ်ရင် ဧပြီလပထမအပါတ်မှာ ရုန်းရင်းဆန်ခတ်တွေ ထပ်မြင်တွေ့ရဦးမယ့်ပုံပါပဲ။