မင်မင် ဒီနေ့ပြောပြပေးမှာက ဘာတာမှတ်တိုင်မှာ အသစ်ဖွင့်ထားတဲ့ "Toki Toki" ဆိုင်လေးအကြောင်းကိုပြောပြပေးမှာပါ။ Toki Toki ဆိုရင်တော့ လူတော်တော်များများက Takoraki နဲ့ပက်သက်ပြီး လူသိများကြတယ်ပေါ့နော်။ Toki Toki ကဘဲ ဘာတာမှတ်တိုင်မှာ March 25တုန်းကအသစ်ဖွင့်ထားတယ်‌။ အရင်ကနဲ့ မတူတော့တာက Toki Toki တစ်ဆိုင်တည်းမဟုတ်ဘဲ K-bibimbap Express လို့ခေါ်တဲ့ Korean Restaurant နဲ့တွဲဖွင့်ထားတာပေါ့နော်။ တစ်နေရာတည်းမှာဘဲ Japanese အစားအစာရော Korean အစားအစာရော ရရှိမှာမို့ တော်တော်လေးအဆင်ပြေတယ်။ ဈေးတွေကလည်း တော်တော်လေးတန်တယ်လို့ပြောလို့ရတယ်နော်။

မင်မင်တို့ မှာစားဖြစ်တာကတော့....

Baby Octopus Takoraki(Original Mayo)- 3500MMK

Baby Octopus ကစားရတာအဆင်ပြေတယ်။ ရေဘဝဲတွေလည်းတော်တော်များများပါတယ်။ ရေဘဝဲလည်းကျက်တယ်။ ပင်လယ်စာပါပေမယ့် မလတ်ဆတ်မှာစိတ်ပူစရာမလိုဘူး။ Topping Sauce ကလည်း 6မျိုးရှိတယ်။ မင်မင်တို့ကတော့ Original Sauce နဲ့စားခဲ့တယ်။

Ebiyaki Takoraki(Mala Mayo)- 2800MMK

Ebiyaki မှာတော့ ပုစွန်လေးပါတယ်။ ပူပူလေးမို့ စားရတာတော်တော်ကောင်းတယ်။ Mala Mayo ကလည်း တော်တော်လေးထူးခြားပြီး စားရတာအရသာရှိတယ်။ Takoraki ကလည်းအရမ်းမာနေတာမျိုးမဟုတ်ဘဲ အိအိလေးမို့ စားရတာ‌အရသာရှိတယ်။ Takoraki စားဖြစ်ခြ့ရင် Mala Mayo နဲ့စားဖို့ recommendပေးချင်ပါတယ်။

Pork Neck Yakitori(Spicy Sauce)- 1000MMK

Pork Neck Yakitori က ဝက်ဂုတ်သားဆိုတော့ အသားချည်းဘဲ။ Topping Sauce ကလည်း 3မျိုးရှိတာမို့ တစ်မျိုးကိုရွေးချယ်ပြီးစားသုံးလို့ရတယ်။ ‌Sauce နဲ့မို့စားရတာတော်တော်လေးအရသာရှိတယ်။

Pork Belly Yakitori(Spicy Sauce)- 1000MMK

Pork Belly Yakitori ကတော့ ဝက်ဗိုက်သားမို့ အဆီတစ်ထပ် အသားတစ်ထပ်ဖြစ်တယ်။ မင်မင်ကတော့ Neck နဲ့ ယှဉ်ရင် Belly ကိုပိုကြိုက်တယ်။ အသားကြီးဘဲ စားရတာမဟုတ်ဘဲ အဆီနဲ့ဆိုတော့ ပျော့ပြောင်းပြီး စားရတာမြိန်တယ်။ ဒီဆိုင်ရဲ့ Yakitori တွေမှာတော့ Sauce တွေကအသက်တွေဘဲ။

Chicken Sausage Yakitori- 1000MMK

အပေါ်ယံကတော်တော်လေး ကြွပ်ရွတယ်။ Dough သားကလည်းတော်တော်လေးအိတယ်။ စားလို့ကောင်းတယ်။ မင်မင် ဒီတ‌စ်နေရာမှာ စိတ်တိုင်းမကျတာက Sauce ကို ready made chilli sauce အထုပ်လေးနဲ့ပေးတယ်ပေါ့နော်။ အဲ့ဒါလေးစိတ်တိုင်းမကျဘူး။ ဘာလို့ဆို တစ်ခြား menu တွေအတွက် Sauce ကိုသေချာလေး လုပ်ပေးပြီး ဒီတစ်ခုအတွက် sauce က ready made ဖြစ်နေတယ်ပေါ့နော်။

ToKi ToKi (Hlaing Branch) · No.8, Near Bar Tar Bus Stop, Yangon, Insein Rd, Yangon, Myanmar (Birma)
★★★★☆ · Japans restaurant