Toyota ကတော့ ဒေါ်လာ ၄၄ သန်း ရင်းနှီးမြုပ်နှံမှုနဲ့အတူ အာကာသစီးပွားရေးနယ်ပယ်ကို ခြေလှမ်းစလိုက်ပါပြီ။ နာမည်ကြီး ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Toyota ရဲ့ လက်ခွဲ Woven by Toyota ဆိုတဲ့ ကုမ္ပဏီကနေ ဂျပန်အခြေစိုက် အာကာသကုမ္ပဏီ Interstellar Technologies မှာ ဒေါ်လာ ၄၄ သန်း (ဂျပန်ငွေ ယန်း ၇ ဘီလီယံဝန်းကျင်) ရင်းနှီးမြုပ်နှံသွားမှာပါ။
Interstellar ဟာ 2017 ကတည်းက ဂျပန်နိုင်ငံမှာ ဒုံးပျံလွှတ်တင်တဲ့ ပထမဆုံးပုဂ္ဂလိကကုမ္ပဏီဖြစ်ခဲ့တာပါ။ ဒါပေမဲ့လည်း ဒုံးပျံပစ်လွှတ်ခြင်းတော့ မအောင်မြင်ခဲ့ပါဘူး။ Toyota အနေနဲ့ 2020 ကတည်းက Interstellar နဲ့ ပူးပေါင်းမှုတွေ စတင်နေတာဖြစ်ပြီး ဒုံပျံအမြောက်အများထုတ်လုပ်နိုင်ရန် ကူညီထောက်ပံ့နေတယ်လို့ ဆိုပါတယ်။ ဆိုတော့ အခုတစ်ခေါက် ရင်းနှီးမြုပ်နှံမှုကတော့ အကြီးဆုံးဖြစ်ပြီး Toyota ဘက်ကလည်း လူသိရှင်ကြားကြေညာတာပဲဖြစ်ပါတယ်.
“ ကျွန်တော်တို့လည်း ဒုံးပျံတွေကို စူးစမ်းလေ့လာနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေ့လျားသွားလာနိုင်မှုရဲ့ အနာဂတ်ဟာ ကမ္ဘာမြေကြီး ဒါမှမဟုတ် ကားကုမ္ပဏီတစ်ခုတည်းမှာသာ ကန့်သတ်မထားသင့်ပါဘူး" လို့ Toyota ရဲ့ ဥက္ကဌ Akio Toyoda က Las Vegas မှာကျင်းပခဲ့တဲ့ CES မိတ်ဆက်ပွဲမှာ ပြောကြားခဲ့တာပါ။
Discussion