ခရီးသွားရင်း ပိုက်ဆံချွေတာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်နေသူတွေအတွက် အောက်ပါအချက်များက အထောက်အကူပြုပါလိမ့်မယ်။
ခရီးမစခင် ပြင်ဆင်ရန်များ
ကြိုတင်လေ့လာခြင်း
ခရီးမထွက်ခင် သေချာလေ့လာထားခြင်းဟာ အရေးကြီးပါတယ်။ ပွဲတော်ရာသီများ၊ လျှော့စျေးပေးချိန်များ၊ အခမဲ့ဝင်ခွင့်ရတဲ့ နေ့ရက်များကို သိထားခြင်းဖြင့် ငွေကြေးသက်သာနိုင်ပါတယ်။
ဘတ်ဂျက်စီမံခန့်ခွဲခြင်း
ခရီးစဉ်တစ်ခုလုံးအတွက် သင့်တော်တဲ့ ဘတ်ဂျက်ကို ကြိုတင်သတ်မှတ်ထားသင့်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အလွန်အမင်း ကန့်သတ်ထားတာမျိုးတော့ မဖြစ်သင့်ပါဘူး။
တည်းခိုရေးနှင့် သယ်ယူပို့ဆောင်ရေး
တည်းခိုခန်း ရွေးချယ်ခြင်း
- မီးဖိုခန်း သို့မဟုတ် မိုက်ခရိုဝေ့ပါတဲ့ အခန်းများကို ရွေးချယ်ပါ
- ဘူတာရုံ၊ ကားဂိတ်နဲ့ နီးတဲ့နေရာကို ဦးစားပေးရွေးချယ်ပါ
- အလွန်ဈေးကြီးတဲ့ အခန်းတွေကို ရှောင်ပါ
စားသောက်ရေး
ဈေးဝယ်ခြင်း
ဒေသခံဈေးများ၊ ပွဲတော်ဈေးများမှာ ဝယ်ယူခြင်းဖြင့် ငွေကြေးသက်သာနိုင်ပါတယ်။
စားသောက်ဆိုင် ရွေးချယ်ခြင်း
ခရီးသွားများ စုပုံရာနေရာက ဆိုင်များကို ရှောင်ရှားပြီး၊ ဒေသခံများ စားသောက်တဲ့ ဆိုင်များကို ရှာဖွေစားသောက်ပါ။
အချိန်ရွေးချယ်ခြင်း
ခရီးသွားရာသီကို ရှောင်ရှားခြင်းဖြင့် လေယာဉ်လက်မှတ်၊ တည်းခိုခန်း၊ အစားအသောက် စသည့် ကုန်ကျစရိတ်များကို လျှော့ချနိုင်ပါတယ်။ ထို့အပြင် လူထူထပ်မှုကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
လက်တွေ့အသုံးချ အကြံပြုချက်များ
- ကျောပိုးအိတ်ထဲ မုန့်နဲ့ရေ အမြဲဆောင်ထားပါ
- Guide မငှားဘဲ ကိုယ်တိုင်လေ့လာပါ
- အခမဲ့ဝင်ခွင့်ရတဲ့ နေ့ရက်များကို ရှာဖွေပါ
- ဟိုတယ်အခန်းမှာ ကိုယ်တိုင်အစားအသောက် ပြင်ဆင်နိုင်ရင် ပြင်ဆင်ပါ
ဒီနည်းလမ်းတွေကို လိုက်နာခြင်းအားဖြင့် ပျော်ရွှင်စရာကောင်းပြီး ကုန်ကျစရိတ်သက်သာတဲ့ ခရီးစဉ်တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။
ရိုးလူ (အခရာ)
Discussion