အခုနောက်ပိုင်း လူငယ်တွေ တီရှပ်ကြိုက်တာကတော့ ပြောမနေပါနဲ့တော့။ ယောက်ျားလေးတွေတင်မကဘူး။ မိန်းကလေးတွေပါ တီရှပ်ကို တစိုက်မတ်မတ် ဝတ်ဆင်လာကြတာပါပဲ။ ဒါပေမယ့် များသောအားဖြင့်တော့ တီရှပ်ဝတ်တော့မယ်ဆိုရင် ဂျင်းဘောင်းဘီကို ဆွဲထုတ်ပြီးပဲ တွဲဝတ်သွားတတ်ကြတာပါပဲ။ ဒီလောက်ပဲ ထင်နေရင် မှားသွားမယ်။ တီရှပ်ကို မထင်မသေးပါနဲ့။ ကိုယ်က ဝတ်ရင် ဝတ်တတ်သလို အထာကျစေတာ တီရှပ်ပါပဲ။ ဒီတော့ တီရှပ်တစ်ထည်တည်းနဲ့ ဘယ်လိုမိမိုက်နေအောင် ဝတ်မလဲ ကြည့်ရအောင်။

Smart Style

Meeting တွေ၊ Business ဆိုင်ရာပွဲတွေသွားမယ်။ ဒါပေမယ့် တီရှပ်ကို မချွတ်ချင်ဘူးဆိုရင်တော့ လွယ်ပါတယ်။ တီရှပ်ကိုပဲ အခုပြထားသလို Style Pant နဲ့ Coat နဲ့တွဲပြီး Smart ကျကျဝတ်သွားပါ။


Free Style

ဒီနေ့ကတော့ သူငယ်ချင်းတွေနဲ့ သွားတွေ့မယ်။ အချိန်လေးရတုန်း ဟိုလည်၊ ဒီလည်လျှောက်လည်မယ်လို့ စဉ်းစားနေပြီဆိုရင်တော့ တီရှပ်ကို Jean အပြဲလေးနဲ့ ပေါ့ပေါ့ပါးပါး ဝတ်သွားလို့လည်းရပါတယ်။


Girly Style

တီရှပ်လည်း ဝတ်ချင်တယ်။ မိန်းကလေးလည်း ဆန်ချင်တယ်။ ဒါ လွယ်လွယ်လေးပါနော်။ တီရှပ်လေးကို Long Skirt လေးထဲ ထည့်ဝတ်ပြီး ချစ်စရာကောင်မလေးလည်း လုပ်လို့ရပါတယ်။


Sexy Style

ဂီတဖျော်ဖြေပွဲတွေနဲ့ Party တွေသွားမယ်။ တီရှပ်မှ တီရှပ်ပဲ ဒါပေမယ့် Sexy ဆန်ချင်တယ်ဆိုရင်တော့ Over-size တီရှပ်အပွ အရှည်ကို ခပ်မိုက်မိုက် Stocking နဲ့ တစ်မျိုး ဂေါ်တာပေါ့။


Vintage Style

ခေတ်ဟောင်းပုံစံလေးနဲ့ Fashion ကျနေအောင် တစ်မျိုးလေးဆန်းပြီး ဝတ်ချင်တဲ့သူတွေကတော့ Overall Jumpsuit လေးရဲ့ အောက်မှာ တီရှပ်လေးခံပြီး ဝတ်ကြည်ပါလား။


Traditional Style

မြန်မာဆန်ချင်တယ်ဆိုရင်လည်း တီရှပ်အတိုလေးကို အောက်က ထမီလေးနဲ့ တွဲဝတ်လို့ရပါသေးတယ်။ ဒါကလည်း နောက်ပိုင်း ထမီဝတ်တဲ့ကောင်မလေးတွေ ဝတ်လာကြတဲ့ ကျောင်းသုံး၊ ရုံးသုံးဖက်ရှင်လေးပါ။


တီရှပ်မှ တီရှပ်ဆိုတဲ့ ညီမလေးနဲ့ မမများ အခုပြောပြခဲ့သလိုလေး တွဲဝတ်လိုက်မယ်ဆိုရင် တီရှပ်တွေချည်းပဲ အများကြီးဝယ်ထားပြီး နေရာမရွေး၊ အချိန်မရွေး ကြိုက်သလောက် ဝတ်ကြစမ်းပါ။ အတွဲအစပ်လေးပဲ လိုအပ်ပါတယ်နော်။

(Photo Credit)

Moethaesay (Akhayar)