ဝက်အူချောင်းဆိုရင် အားလုံးက စားနေကြ ဗမာဝက်အူချောင်းတို့ CPဝက်အူချောင်းတို့ကို မြင်ကြတယ်မလား?ဒီတစ်ခေါက်မှာတော့ adminက ဝက်အူချောင်းကိုမှ ရိုးရိုးမဟုတ်ဘဲ ကျိုင်းတုံဝက်အူချောင်းကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
ဒီ ကျိုင်းတုံဝက်အူချောင်းက ပုံမှန်စားနေကြ ဗမာဝက်အူချောင်းတွေနဲ့ မတူတဲ့ အချက်က သူက အချိုဘက်သွားတာမဟုတ်ဘဲ အငန်ဘက်နည်းနည်းသွားပြီး သူ့မှာ ပါတဲ့ မာလာအမှုန့်လေးနဲ့ တွဲစားရတာဖြစ်ပါတယ်။
Admin တို့ စားခဲ့တဲ့ ကျိုင်းတုံဝက်အူချောင်းလေးကတော့ Sausage House ဆိုတဲ့ ဆိုင်လေးကပဲ ဖြစ်ပါတယ်။ သူက ဒီကျိုင်းတုံဝက်အူချောင်းကိုမှ မူလအရသာ , အစပ်ပို အရသာ, ရှမ်းမဆလာ အရသာဆိုပြီး ၃ မျိုးတောင် ရွေးချယ်စရာတွေ ရှိပါသေးတယ်။
ဟင်းချက်ဖို့ အချိန်သေချာမပေးနိုင်တဲ့ သူတွေအတွက်လည်း သူက Microwave ထဲ ခဏထည့်ရုံပဲ ဖြစ်ဖြစ် ဆီလေး နည်းနည်း ထည့်ပြီး အိုးထဲမှာ နွေးရုံနဲ့ စားလို့ရတာဆိုတော့ ကွက်တိပဲနော်။
မူလအရသာဆိုရင် အစပ်အရသာမပါတော့ ကလေးတွေစားဖို့အတွက် အဆင်ပြေတယ်။admin အကြိုက်ဆုံးကလည်း မူလအရသာလေးပဲ။ ပြီးတော့ သူ့ဆီက ထုတ်ကုန်တွေအကုန်လုံးကို တာရှည်ခံဆေးလည်း လုံးဝလုံးဝ မသုံးထားတာမလို့ ကျန်းမာရေးနဲ့လည်း ညီညွှတ်တယ်နော်။
အစပ်ပို အရသာနဲ့ ရှမ်းမဆလာဆိုရင်လည်း တော်တော်စားကောင်းတယ်။ အစပ်ပိုအရသာဆို အရမ်းကြီး မစားနိုင်လောက်အောင်စပ်တာမျိုး မဟုတ်ဘဲ ပုံမှန်အစပ်လောက်ပဲ။
အရသာသုံးမျိုးလုံးက ဒီတိုင်းစားရင်တော့ နည်းနည်းအီတာမို့လို့ သူ့မှာပါတဲ့ အမှုန့်လေးနဲ့ တွဲစားကြနော်။
ထမင်းနဲ့ပဲ စားမလား ဒီအတိုင်းပဲ စားမလား နှစ်ခုလုံး အဆင်ပြေတဲ့အပြင် အချိန်ကုန်လည်း သက်သာတာမို့လို့ admin အတွက်ကတော့ တော်တော်ကို အဆင်ပြေပါတယ်။
Admin တို့ စားခဲ့တာလေးက ၂၀၀g အထုပ်လေးတွေပေါ့နော်။ သူ့ဆီမှာက 200g, 500g , 1kg ဆိုပြီး ဆိုဒ်သုံးမျိုးရှိတယ်။ စျေးနှုန်းလေးတွေကိုလည်း အောက်မှာ ပုံလေးတွေနဲ့ တကွ ပြောပြပေးထားပါတယ်။
ကျိုင်းတုံဝက်အူချောင်း ကြိုက်တဲ့သူတွေရော စမ်းစားကြည့်ချင်တဲ့ သူတွေအတွက်ရော နောင်တမရစေမယ့် ရွေးချယ်မှုဖြစ်မယ်ဆိုတာကတော့ အသေအချာပါပဲနော်။
ဖုန်း-09428611296
လိပ်စာ-အမှတ် ၁၁၆E စိမ်းလဲ့ကန်သာလမ်း (YUFL ရှေ့လမ်း) ကမာရွက်
https://www.facebook.com/@sausagehousemm



Discussion