တစ်လကို $20 ပေးရမယ့် AI bot သုံးခုပါတဲ့ browser အသစ် Opera Neon
Opera ရဲ့ Neon browser ကို နားလည်ဖို့ အဓိကအချက်က ဒါဟာ သာမန် AI browser မဟုတ်ဘဲ AI bot သုံးခု အတူတကွ ပါဝင်တဲ့ browser ဖြစ်တယ်ဆိုတာပါ။ ဒါက အားသာချက်ရော အားနည်းချက်ပါ ဖြစ်နိုင်ပါတယ်။ AI လုပ်ငန်းအားလုံးကို browser ထဲမှာပဲ လုပ်နိုင်ပေမယ့် ဘယ် AI အတွက် ဘယ်ကိုသွားရမလဲ မှတ်ရတာ ရှုပ်ထွေးနိုင်ပါတယ်။
Opera က ပြီးခဲ့တဲ့လက Neon AI browser အတွက် waitlist ကနေ လူတွေကို စတင်လက်ခံခဲ့ပါတယ်။ Google ရဲ့ Gemini ပါတဲ့ Chrome၊ Perplexity ရဲ့ Comet နဲ့ The Browser Company ရဲ့ Dia တို့လို AI browser တွေ များလာနေတဲ့ စျေးကွက်ထဲ ဝင်လာပြီး ပြိုင်ဘက်တွေနဲ့ မတူတာက Opera က တစ်လ $19.90 ကောက်ခံပါတယ်။
Neon မှာ အခြား Opera browser တွေလိုပဲ built-in ad blocker နဲ့ VPN၊ WhatsApp နဲ့ Facebook Messenger လို app တွေ ထည့်သုံးနိုင်တဲ့ sidebar ပါလာပါတယ်။ AI feature တွေက home နဲ့ new tab screen တွေမှာ နေရာယူထားပါတယ်။ Search bar အောက်မှာ setting လေးခုပါတဲ့ toggle ရှိပြီး ပုံမှန် internet search၊ Chat လို့ခေါ်တဲ့ chatbot၊ Do လို့ခေါ်တဲ့ browser ထိန်းချုပ်တဲ့ agent နဲ့ Make လို့ခေါ်တဲ့ AI building agent တို့ပါ။
Chat က အရိုးရှင်းဆုံး feature ဖြစ်ပြီး browser ထဲမှာ တစ်ပါထဲပါဝင်လာတဲ့ AI assistant ပါ။ သုတေသနမေးခွန်းတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ပြီး quantum computing နောက်ဆုံးသုတေသနအကျဉ်းချုပ်လို မေးခွန်းတွေကို ဖြေနိုင်ပါတယ်။ ဒါပေမယ့် အဖြေတွေက အရမ်းရှည်လျားပြီး ဖတ်ရတာ ပင်ပန်းပါတယ်။ The Verge ဆောင်းပါးငါးပုဒ်က comment တွေကို အကျဉ်းချုပ်ခိုင်းတော့ စာလုံး 400 လောက်နဲ့ comment မရှိဘူးလို့ ပြန်ဖြေတာမျိုး ဖြစ်တတ်ပါတယ်။
Do က browser ကို ကိုယ်စားလုပ်ဆောင်ပေးတဲ့ agent ပါ။ CrossFit class booking၊ spa massage ရှာဖွေတာ၊ PDF pattern တွေရှာဖွေတာလို အလုပ်တွေ လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် Do အလုပ်လုပ်နေတုန်း Chat ကို ပြန်မပြောင်းနိုင်သလို၊ လုပ်နေတဲ့အလုပ်ကို ပြင်ဆင်လို့လည်း မရပါဘူး။ ပန်းအလှဆင်မှုတွေ ရှာခိုင်းတော့ လှလှလေးတွေကို ကျော်ပြီး အသုဘပန်းကုံးကြီး cart ထဲထည့်တာမျိုး ဖြစ်တတ်ပါတယ်။
Make က web tool လေးတွေ ဖန်တီးပေးနိုင်ပါတယ်။ Virtual computer ထဲမှာ လိုအပ်တဲ့ software၊ script တွေ download လုပ်ပြီး ကိုယ့်ကွ်ပျူတာကို မရှုပ်စေဘဲ အလုပ်လုပ်ပါတယ်။ စပိန်ဘာသာ vocabulary memory matching game တစ်ခု တောင်းဆိုကြည့်တော့ မိနစ်အနည်းငယ်အတွင်း "libro" နဲ့ စာအုပ်ပုံကို တွဲဖက်ရတဲ့ game တစ်ခု ရခဲ့ပါတယ်။
Cards က AI agent တွေမှာ သုံးနိုင်တဲ့ ကြိုတင်ရေးထားတဲ့ prompt တွေပါ။ Opera က "power-ups" လို့ ခေါ်ပြီး prompt ထပ်ခါထပ်ခါ မရေးရအောင် ကူညီပေးပါတယ်။ Yoda စကားပြောပုံစံနဲ့ website တွေကို ပြန်ရေးပေးတာကနေ သတင်းစုစည်းပေးနိုင်တဲ့ prompt တွေအထိ ရှိပါတယ်။
ဒါပေမယ့် Neon က တစ်လ $20 ကောက်ခံတဲ့ subscription ထုတ်ကုန်ဖြစ်ပြီး တခြားနေရာတွေမှာ အခမဲ့ရနိုင်တဲ့ အရာတွေအတွက် ငွေပေးရတာ မျိုးဖြစ်နေပါတယ်။ အထူးသဖြင့် Neon က ကျွန်တော့်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုံလောက်တဲ့ အသိဉာဏ်မရသေးဘဲ ကျွန်တော်တို့က AI နဲ့ လိုက်လျောညီထွေဖြစ်ရတဲ့ AI browser လို မျိုးဖြစ်နေပါတယ်။
တစ်လကို $20 ပေးရမယ့် AI bot သုံးခုပါတဲ့ browser အသစ် Opera Neon

On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion