ဒီသန်း ၆၅၀ ထဲမှာ အခုဖတ်နေတဲ့သူလည်း ပါမှာသေချာပါတယ်။

Google CEO Sundar Pichai ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့အောက်တိုလာလ တစ်လထဲမှာတင် Gemini AI ကို အသုံးပြုခဲ့သူပေါင်း သန်း 650 ကျော်ရှိခဲ့ပါတယ်။ ဒီအချက်အလက်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်တုန်းက ဖော်ပြခဲ့တာပါ။

Gemini AI ရဲ့ အသုံးပြုသူအရေအတွက်က မတ်လတုန်းက သန်း 350 ရှိခဲ့ပြီး ဇူလှိုင်လမှာ သန်း 450 အထိ တိုးလာခဲ့တာပါ။ အဲ့ဒီကနေ အောက်တိုဘာလ တစ်လအတွင်းမှာတင် သန်း 650 ကျော် အထိရှိလာခဲ့ပြီး ပထမသုံးလပတ်ရဲ့ ၃ ဆတိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။

Gemini AI ရဲ့ user တွေ များပြားလာရတဲ့ အဓိကအချက်ကတော့ ပုံတွေထုတ်ပေးနေတဲ့ Nano Banana ဆိုတဲ့ AI Tool ကြောင့်ပါ။ Nano Banana ကို ဩဂုတ်လမှာ စတင်မိတ်ဆက်ခဲ့ပေမဲ့လည်း လစဉ်လတိုင်း သုံးစွဲသူအသစ်တွေကို သန်းနဲ့ချီ ဆွဲခေါ်ပေးနေတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာတင် user အသစ်ပေါင်း 23 သန်းအထိ ဝင်ရောက်လာခဲ့တာလည်း Nano Banana ကြောင့်ပါပဲ။

တစ်ဖက်မှာလည်း OpenAI ရဲ့ ChatGPT ကနေ တစ်ပတ်အတွင်း အသုံးပြုသူ‌ပေါင်း သန်း 800 ဝန်းကျင်ရှိတယ်လို့ ဖော်ပြခဲ့ပါသေးတယ်။ AI Giant ကြီးနှစ်ခု ယှဉ်ရကြေးဆို OpenAI က အသာစီးဖြစ်နေပေမဲ့ Google ရဲ့ တစ်ရှိန်ထိုးတက်လာတဲ့ အောင်မြင်မှုကိုလည်း‌ လျော့တွက်လို့ မရပါဘူး။

ဆိုတော့ အခုဆိုရင် ChatGPT ‌ရော Gemini AI ရော မျှသုံးနေကြသူတွေပါ ရှိမယ်လို့ထင်ပါတယ်။ အခရာပရိတ်သတ်တွေရော ဘယ်တစ်ခုကို ပိုသုံးလေ့ရှိလဲ? ဘာကြောင့်သုံးလဲ ? ဘယ်တစ်ခုကို ပိုကြိုက်လဲ ? ဆိုတာ ပြောပြသွားခဲ့ပါဦး…။