2026 မှာ ကင်မရာ ၁ လုံးထည့်မယ်၊ 2027 မှာ နောက်ထပ် ၁ လုံးထပ်ထည့်မယ်။ အတန်းလိုက်ကြီး ဖြစ်သွားမယ်။

iPhone Air ကတော့ ရောင်းအားမကောင်းလို့ အလုံးရေလျှော့ထုတ်ဖို့ ပြင်ဆင်နေရတဲ့အချိန်မှာ တစ်ဖက်မှာတော့ iPhone Air ရဲ့ ဒုတိယမြောက်မော်ဒယ်အကြောင်း ပြောနေကြပါပြီ။ Digital Chat Station ကနေ ဖော််ပြလာချက်အရ နောက်နှစ်ထွက်လာမယ့် iPhone Air မှာတော့ ကင်မရာအသစ် ၁ လုံး ထပ်ထည့်လာမယ့်ပုံစံပါ။ ပုံမှာတွေ့ရတဲ့အတိုင်းဆို ဇီးကွက်မျက်လုံးလိုပေါ့။

ကျန်တဲ့ Spec; တွေကိုတော့ အထူးတလည်ဖော်ပြထားခြင်းမရှိဘဲ ဒီနှစ်ထွက်တဲ့ iPhone Air လိုပဲ ပါးလွှာပေါ့ပါးပါမယ်။ ကင်မရာပိုင်းမှာပဲ ပြောင်းလဲမှုတွေ ရှိလာမှာဖြစ်ပြီး 48MP Ultrawide Camera ထည့်သွင်းဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ကင်မရာအသစ်တစ်လုံးထည့်ဖို့ စီစဉ်နေတဲ့ အချက်က iPhone Air မော်ဒယ်အတွက် user တွေ တောင်းဆိုနေတာကြောင့်လို့ မှတ်ချက်ပေးထားပါတယ်။ iPhone Air ထွက်တုန်က ကင်မရာတစ်လုံးထဲနဲ့ အားမရတဲ့သူတွေအတွက် နောက်နှစ် iPhone Air မော်ဒယ်အသစ်ကို မျှော်လို့ရပါပြီ။ ဒီသတင်းက ထုံးစံအတိုင်း Rumor ပါပဲ။ ဒီကြားထဲ ပြောင်းလဲမှုအသစ်တွေ ထပ်ရှိလာနိုင်သေးတာမို့ ထပ်စောင့်ကြည့်ဖိုပဲ ရှိပါတယ်။