Tech News Recap...

Wifi နဲ့ပါ သုံးနိုင်မယ့် Xiaomi Buds 5 Pro 

ဒေါ်လာ 100 လျော့ရောင်းပေးမယ့် M4 MacBook Air အသစ် 

စတဲ့ သတင်းတွေ အပါအဝင် မတ်လ ၁  ရက်မှ ၇ ရက်အတွင်းမှ စမတ်ဖုန်းသတင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်..

Realme ရဲ့ ပထမဆုံး Ultra ဖုန်း 

ပြီးခဲ့တဲ့လက P3 Pro နဲ့ P3x ကို မိတ်ဆက်ခဲ့ပြီးနောက်မှာပဲ P3 Series ထဲကနေ နောက်ထပ်မော်ဒယ်အသစ်ကို ထပ်ပြီးမိတ်ဆက်လာတော့မှာပါ။ P3 Ultra လို့ အမည်ပေးထားပြီး Realme ရဲ့ ပထမဆုံး Ultra ဖုန်းဖြစ်လာမှာပါ။ Spec: တွေမဖော်ပြထားပေမဲ့ "Ultra Design; Ultra Performance; Ultra Camera" ဖြစ်မယ်ဆိုပြီး ဆိုပါတယ်။ 

Wifi နဲ့ပါ သုံးနိုင်မယ့် Xiaomi Buds 5 Pro 

များသောအားဖြင့် Earbuds တွေက Bluetooth support တာဖြစ်ပေမဲ့ ဒီတစ်ခေါက် Xiaomi ကနေ အသစ်မိတ်ဆက်လာတဲ့ Buds 5 Pro ကကျ Wifi နဲ့ ချိတ်ဆက်သုံးလို့ရနိုင်မှာပါ။ 

Wifi ချိတ်လို့ရမယ့် ဖုန်းတော့ရွေးပါလိမ့်မယ်။ သူတို့ပြောပုံအရဆို Snapdragon 8 Gen 3 ဒါမှမဟုတ် 8 Elite ဖုန်းတွေနဲ့ Wi-Fi ကနေချိတ်ဆက်ပြီး 96kHz/24bit lossless audio ကို 4.2Mbps bandwidth အထိ ပေးစွမ်းနိုင်မှာပါ။ 

Buds 5 Pro က Wifi ရော Bluetooth ရော version ၂ မျိုးနဲ့လာတာပါ။ Wifi ver ဈေးနှုန်းက $206 ဖြစ်ပြီး Bluetooth ver ဆိုရင် $178 ပဲ ရှိပါမယ်။ 

DeepSeek AI ပထမဆုံးထည့်သုံးလာမယ့် Tecno Camon 40 Series 

Tecno အနေနဲ့ MWC မှာ ဒီတစ်ခေါက်မိတ်ဆက်လာတဲ့ မော်ဒယ်တွေက တကယ်အမိုက်စားတွေပါပဲ။ အပါးဆုံးဖုန်း၊ ၃ ခေါက်ချိုးဖုန်းတွေပြီးတော့ DeepSeek AI Built-in ပါလာမယ့် Camon 40 Series ရောပါပဲ။ 

နောက်ပြီး Canon 40 Series က ကင်မရာပိုင်းကို ဦးစားပေးထားတယ်လို့လည်း ဆိုထားပါတယ်။ Camon 40 Series မှာတော့ Camon 40, 40 Pro နဲ့ 40 Premier ဆိုပြီး ၃ မျိုးပါပါမယ်။ မကြာခင် official launch လုပ်သွားဖို့ရှိတယ်ဆိုတော့ စောင့်ကြည့်ရမယ့် Seires တစ်ခုပါပဲ။ 

ဒေါ်လာ 100 လျော့ရောင်းပေးမယ့် M4 MacBook Air အသစ် 

M4 iPad Air နဲ့ iPad 11th Gen မိတ်ဆက်ပြီး နောက်တစ်ရက်မှာပဲ M4 MacBook Air အသစ်ကို ထပ်ပြီး မိတ်ဆက်လိုက်တာပါ။ M4 Chip နဲ့ဆိုတော့ အရင်မော်ဒယ်တွေထက် ၂ ဆပိုမြန်သွားပါမယ်။ နောက်ပြီး Sky Blue ဆိုတဲ့ အရောင်အသစ်တစ်မျိုးပါလာတယ်။ ရှေ့ကင်မရာကို upgrade လုပ်ထားပါတယ်။ (12MP Center Stage camera)

ဈေးနှုန်းကတော့ ဒေါ်လာ 999 (M3 MacBook Air က ဒေါ်လာ 1,099 ပါ) ။ Preorder တွေ လက်ခံနေပါပြီ။ လာမယ့် မတ်လ ၁၂ ရက်မှာ ဝယ်နိုင်ပါမယ်။ 

၃ လအတွင်း အလုံးရေ ၃ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ Redmi K80 Series 

မနှစ်က နိုဝင်ဘာလောက်က မိတ်ဆက်ခဲ့တဲ့ Redmi K80 Series က စတင်ရောင်းချပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာတင် အလုံးရေ ၃ သန်းကျော်ရောင်းချနိုင်ခဲ့တယ်လို့ ဖော်ပြလာပါတယ်။ (တရုတ်နိုင်ငံတွင်းမှာပါ) 

Redmi K series မှာက K80, K80 Pro, နဲ့ K80 Pro Automobili Lamborghini Squadra Corse Special Edition တို့ကို ထုတ်လုပ်ရောင်းချခဲ့တာပါ။ အခုတော့ ရောင်းအားစံချိန်ကိုကြည့်ပြီး Redmi K80 Ultra နဲ့ Redmi K80 Gaming ဆိုတဲ့ နောက်ထပ်မော်ဒယ် ၂ မျိုး ထပ်ထုတ်သွားဖို့ရှိတယ်ဆိုပြီး leak တွေ ထွက်လာပါတယ်။ 

Pixel Sense Assistant နဲ့အတူ မိတ်ဆက်လာမယ့် Google Pixel 10 Series 

Google ကနေ Pixel 10 Series နဲ့အတူ Pixel Sense assistant စတင်မိတ်ဆက်သွားမယ််ဆိုပြီး သတင်းတွေထွက်လာပါတယ်။ Pixel Sense assistant ဆိုတာက Google Assistant ရဲ့ နောက်ဆုံးဗားရှင်းပါ။ သူက ဖုန်းထဲမှာတင် AI Buit-in ပါဝင်လာမှာဖြစ်ပြီး assistant ပုံစံလိုမျိုးနဲ့ သုံးနိုင်မှာပါ။ 

Pixel Assistant ကို အရင်က Pixel 9 Series မှာ မိတ်ဆက်မယ်လို့သတင်းထွက်ခဲ့ပေမဲ့ မထည့်ပေးလာပါဘူး။ ဒါကြောင့် Pixel 10 Series မှာတော့ ပါလာဖို့ သေချာသလောက်ဖြစ်နေပါပြီ။ Pixel Sense ကနေ Phone၊ Messages၊ Photos၊ Maps၊ Gmail၊ Docs၊ Chrome၊ Files၊ YouTube၊ Recorder နဲ့ Keep Notes အပါအဝင် Google ရဲ့ first-party app ကို သုံးနိုင်မှာပါ။