Tech News Recap...

AirPods တွေမှာ Live Translate Feature ထည့်ပေးမယ်

ဧပြီလမှာ မိတ်ဆက်သွားမယ့် Redmi Turbo 4 Pro ရဲ့ Spec: တွေ 

စတဲ့ သတင်းတွေ အပါအဝင် မတ်လ ၈  ရက်မှ ၁၄ ရက်အတွင်းမှ စမတ်ဖုန်းသတင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်..

မတ်လ ၁၉ ရက်မှာ မိတ်ဆက်ဖို့ သတင်းထွက်နေတဲ့ Google Pixel 9a 

iPhone 16e ရဲ့ပြိုင်ဘက်လို့လည်း ပြောကြတဲ့ Google ရဲ့ Pixel 9a ကလည်း မကြာခင်ရက်ပိုင်းမှာပဲ တွေ့ရတော့မှာပါ။ သူ့ကလည်း compact Budget ဖုန်းဆိုပြီး သတင်းတွေထွက်နေတာပါ။ ဒီဇိုင်းကလည်း အရင် Pixel ဖုန်းတွေထက် ပိုပြီး clear ဖြစ်တယ်။ 

ထွက်ထားတဲ့ Spec: တွေအရတော့ OLED Display, Tensor G4 Chips, 5100mAh Battery, 23W Charge နဲ့ အရောင်က ၄ ရောင်ရွေးနိုင်မယ်လို့ ဆိုတယ်။ နောက်ပြီး OS Update က ၇ နှစ်တောင်ရမှာပါ။ ခန့်မှန်းဈေးကတော့ ဒေါ်လာ 500 ဝန်းကျင်ပါ။ 

AirPods တွေမှာ Live Translate Feature ထည့်ပေးမယ်

AirPods user တွေအတွက် တိုက်ရိုက်ဘာသာပြန်နိုင်မယ့် Feature ကို iOS 19 နဲ့အတူ ထည့်ပေးသွားမှာပါ။ ဒီ Feature က အခြားသူကနေ ကိုယ်မသိတဲ့ ဘာသာစကားကိုပြောလာရင် တိုက်ရိုက်ဘာသာပြန်ပေးမယ့်အပြင် ကိုယ်ပြောမယ့်စကားကိုလည်း တစ်ဖက်လူနားလည်မယ့် ဘာသာစကားနဲ့ ပြန်လည်ဘာသာပြန်ပေးဦးမှာပါ။ 

ဘာသာစကား ၅၀ ကျော်ကို ဘာသာပြန်ပေးနိုင်တဲ့ AI ဘောပင်

Kickstarter ကနေ ဖန်တီးထားတဲ့ ဒီ AI ဘောပင်က အင်္ဂလိပ်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ စပိန် စတဲ့ အနောက်တိုင်းဘာသာစကားများစွာအပြင် ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ် စတဲ့ အရှေ့တောင်အာရှဘာသာစကားများစွာကိုလည်း ဘာသာပြန်ပေးမှာဖြစ်ပါတယ်။ 

သူက ဘာသာပြန်ပေးရုံတင်မကဘူး။ ChatGPT 4o ကို အခြေခံပြီး ဖန်တီးထားတာမို့ AI နဲ့ပတ်သက်ပြီးလည်း စိတ်ကြိုက်အသုံးပြုနိုင်တယ်။ Samrt Device တွေမှာလည်း Pen အနေနဲ့ သုံးနိုင်ပါသေးတယ်။ ဈေးလည်း မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဒေါ်လာ ၅၀ နဲ့ ဝယ်နိုင်ပါတယ်။ 

ဧပြီလမှာ မိတ်ဆက်သွားမယ့် Redmi Turbo 4 Pro ရဲ့ Spec: တွေ 

Turbo 4 မိတ်ဆက်ပြီးတာ နည်းနည်းကြာသွားပြီဆိုတော့ သတင်းတွေ ငြိမ်သွားပေးမဲ့ ထပ်ပြီး စောင့်ကြည့်ခံဖြစ်နေတာက ဧပြီလမှာ ထပ်မိတ်ဆက်လာမယ့် Turbo 4 Pro ကိုပါ။ လောလောဆယ် Spec: အချို့ Leak ဖြစ်လာပါတယ်။ Snapdragon 8s Elite Chips သုံးနိုင်ခြေများနေပြီး 6.8” Screen Size, 7550mAh Battery, 90W Fast Charge တို့ကတော့ သေချာသလောက်လို့ ထင်ကြေးပေးနေကြပါတယ်။ 

Perplexity AI ကို Windows မှာ Application အနေနဲ့ သုံးလို့ရပြီ 

AI Chatbot တွေကို Web Browser တွေမှာပဲမဟုတ်ပဲ စမတ်ဖုန်းနဲ့ Windows တွေမှာလည်း လွယ်လွယ်သုံးနိုင်အောင်လို့ App အနေနဲ့ ထည့်ပေးလာကြပါတယ်။ အခုလည်း Research AI အဖြစ် နာမည်ကြီးတဲ့ Perplexity AI ကို Windows မှာ Application အနေနဲ့ သုံးလို့ရအောင် ထည့်ပေးလိုက်ပါပြီ။ Windows 10 ရော Windows 11 မှာရော Download လုပ်ပြီး သုံးနိုင်ပါတယ်။ 

iPhone 17 Pro မော်ဒယ်တွေမှာသာ Vapor Chamber ထည့်ပေးသွားမယ်

Apple ကနေ iPhone 17 Series မှာ Vapor Chamber ထည့်ပေးသွားမယ်ဆိုတာက မနှစ်ကတည်းက တစတစပြောနေကြတာပါ။ အခုတော့ တကယ်ပါလာမယ့် သဘောပါပဲ။ ဒါပေမဲ့ Pro မော်ဒယ်တွေမှာပဲထည့်ပေးသွားမှာပါ။ iPhone 17 Pro နဲ့ 17 Pro Max တွေမှာပေါ့။ Android user တွေအတွက်တော့ အဆန်းမဟုတ်ပေမယ့် iOS user တွေအနေနဲ့ မျှော်လင့်နေတဲ့သတင်းလို့တော့ ထင်မိပါတယ်။ 

.