iOS 19 မှာ Icon အဝိုင်းကြီးတွေဖြစ်လာမယ်လို့ သတင်းတွေထွက်နေ 

OneUI 7 ရနိုင်မယ့် Samsung ဖုန်းမော်ဒယ်တွေ

စတဲ့ သတင်းတွေ အပါအဝင် မတ်လ 15  ရက်မှ 21 ရက်အတွင်းမှ စမတ်ဖုန်းသတင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်..

သတင်းအပြည့်အစုံကို အောက်မှာ ဆက်လက်ဖတ်ရှုပါရန် ...

မတ်လ ၂၇ ရက်မှာ မိတ်ဆက်သွားမယ့် POCO F7 Series 

နောက်တစ်ပါတ်မှာတော့ POCO F7 Series ထဲက F7 Pro နဲ့ F7 Ultra တို့ကို မိတ်ဆက်သွားမှာဖြစ်ကြောင်း  Xiaomi က ကြေညာလိုက်ပါတယ် Redmi Turbo 4 Pro ဒါမှမဟုတ် Redmi K80 / K80 Pro တွေရဲ့ Global version လို့ပဲ ပြောရမှာပါ။ Chips တွေကတော့ F7 Ultra က Snapdragon 8 Elite ဖြစ်ပြီး F7 Pro ကတော့ Snapdragon 8 Gen 3 ဖြစ်သွားပါမယ်။ 

Flapship ဖုန်းအသစ်တွေမှာ သုံးလာမယ့် Dimensity 9400+

4 လပိုင်း 11 ရက်နေ့မှာ Mediatek Dimensity  Develper conference ပွဲကို ကျင်းပသွားမှာဖြစ်ပြီး  flagship 5G AI chipset လို့ အမည်ပေးထားတဲ့ Mediatek Dimensity 9400+ ကို မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်နေပါတယ်။ နောက်ပြီး ဒီ Chips ဟာ လာမယ့် Flaship ဖုန်းအသစ်တွေဖြစ်တဲ့ Redmi K80 Ultra, OnePlus Ace, Oppo Find X8S, Vivo X200S တွေမှာ သုံးသွားမှာဖြစ်ပါတယ်။ 

Galaxy S25 Edge ရဲ့ Spec: အချို့ထပ်မံထွက်ပေါ်လာ

Galaxy S25 Edge ကိုတော့ ဧပြီလထဲမှာ မိတ်ဆက်သွားနိုင်ခြေများနေတယ်ဆိုပြီး ပြောနေကြပြန်ပါပြီ။ Titanium Icyblue, Titanium Silver, and Titanium Jetblack ဆိုပြီး အရောင် ၃ ရောင်နဲ့လာမှာဖြစ်ပြီး ဖုန်းဘေးဘောင်ကိုလည်း Titanium နဲ့လာမယ်လို့ အတိအကျခန့်မှန်းထားကြပါတယ်။ EU မှာ အရင်ဆုံးမိတ်ဆက်သွားနိုင်တယ်လို့ ဆိုပါတယ်။ 

၁၅ နှစ်ပြည့်နှစ်ပတ်လည်မှာ မိတ်ဆက်သွားမယ့် Xiaomi 15S pro 

Xiaomi 15s Pro ကို ၁၅ နှစ်ပြည့်မှာ ထူးထူးခြားခြားမိတ်ဆက်သွားမယ့်အပြင် Xiaomi က ကိုယ်တိုင်ထုတ်ထားတဲ့ Processor အသစ်ဖြစ်တဲ့ XRING processor ကိုပါ ထည့်သွင်းမိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ 

realme ရဲ့ ပထမဆုံး Ultra ဖုန်း

မတ်လအစကတည်းကဟော့နေခဲ့တဲ့ realme ရဲ့ ပထမဆုံး Ultra ဖုန်း realme P3 Ultra ကိုတော့ မတ်လ 19 ရက်နေ့က launch လုပ်ခဲ့ပါတယ်။ ဒီဇိုင်းပိုင်းကို ပိုပြီး focus ထားတဲ့ ဖုန်းလို့လည်း ဆိုကြပါတယ်။ 

Launch မလုပ်ခင်ကတည်းက ကြိုဖော်ပြထားခဲ့တဲ့ spec: တွေပါပဲ။ MediaTek 8350 Chips, 6000mAh, 80W fast charging, 50MP (rear), 16MP (front), 6.83” quad-curved AMOLED 120Hz refresh rate တို့ ဖြစ်ပါမယ်။ မတ်လ ၂၆ ရက်မှာ ဈေးကွက်ထဲ စတင်ဖြန့်ချိသွားမှာပါ။ ဈေးကတော့ ဒေါ်လာ 312 က စပါတယ်။ 

iOS 19 မှာ Icon အဝိုင်းကြီးတွေဖြစ်လာမယ်လို့ သတင်းတွေထွက်နေ 

iOS 19 မှာ UI ပိုင်းပြောင်းလဲမှုတွေရှိမယ်လို့ Leak ဖြစ်လာပြီးနောက် icon အဝိုင်းတွေလား ဖြစ်လာလောက်မလားဆိုပြီး ပြောနေကြတာပါ။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ မြင်ယောင်သာကြည့်ကြပါတော့ … 

OneUI 7 ရနိုင်မယ့် Samsung ဖုန်းမော်ဒယ်တွေ

OneUI 7 official Update ကို ဧပြီ ၇ ရက်မှာ မိတ်ဆက်သွားဖို့ Samsung က ကြေညာလိုက်ပါပြီ။ OneUI 7 Update ကိုတော့ ဧပြီ ၇ ရက်မှာ Galaxy S24 series , Galaxy Z Fold 6, Galaxy Z Flip 6‌ တို့က အရင်ဆုံး သုံးနိုင်မှာပါ။ ဧပြီ ၇ ရက်ကနေ ၁၄ ရက်အတွင်း update တင်နိုင်မှာဖြစ်ပြီး Galaxy A Series မော်ဒယ်တွေကတော့ နည်းနည်းစောင့်ရဦးမယ်ထင်ပါတယ်။ 

Galaxy S phones

Galaxy Z foldables

Galaxy Tab