တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိုင်သော AI နည်းပညာတစ်ခုအတွက်မူပိုင်ခွင့်တင်သွင်းထားသည်ဟုသိရသည်။
AI နည်းပညာတွင် စက်၏သင်ယူမှု (machine learning) နှင့် သဘာဝဘာသာစကားကိုလေ့လာမှု (natural language processing) နည်းပညာများကို အသုံးပြုထားပြီး ခွေးဟောင်းခြင်း၊ ကြောင်များမြူးခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားမှုများ၊ နှလုံးခုန်နှုန်း စသည့်အချက်အလက်များကို ချိတ်ဆက်လေ့လာကာ တိရစ္ဆာန်လေးတွေရဲ့ဖြစ်ပေါ်နေသောခံစားမှုများကို ခန့်မှန်းဖော်ပြနိုင်မည်ဟုသိရသည်။
ထိုခံစားမှုများကို လူတွေသဘောပေါက်နားလည်နိုင်အောင် လူသားဘာသာစကားများ (သို့မဟုတ်) စကားစုများ နှင့် ကိုက်ညီအောင်ဖော်ပြပေးမည်ဖြစ်သည်။၎င်းနည်းပညာက လူသားနှင့် တိရစ္ဆာန်များကြားဆက်သွယ်မှုကောင်းမွန်လာနိုင်မည်ဟုမျှော်လင့်ထားကြသည်။
အဆိုပါ AI နည်းပညာသည် လက်ရှိတွင် စမ်းသပ်မှုအဆင့်တွင်သာရှိသော်လည်း Baidu ၏နည်းပညာကို တိရစ္ဆာန်ချစ်သူများက စိတ်ဝင်စားမှုကြီးမားနေပြီးတရုတ်နိုင်ငံ၏ မူပိုင်ခွင့်ရုံးသို့တင်သွင်းထားသည်ဟုလည်းဖော်ပြခဲ့သည်။