တန်းတက်လာတဲ့(၃)သင်းစလုံး တန်းပြန်ဆင်းပြီး တန်းဆင်းအသင်းတွေ အစောဆုံးအဖြေထွက်တဲ့ရာသီ

တန်းတက်လာတဲ့(၃)သင်းစလုံး တန်းပြန်ဆင်းပြီး တန်းဆင်းအသင်းတွေ အစောဆုံးအဖြေထွက်တဲ့ရာသီ

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄) နယူးကာဆယ်(၃-၀)အစ်ဝစ်ချ်ပွဲ အပြီးမှာ အဆင့်(၁၈)က အစ်ဝစ်ချ်အသင်းက တန်းဆင်းလက်မှတ်ရသွားခဲ့လို့ ဒီရာသီမှာ တန်းဆင်းမယ့် အသင်း(၃)သင်းစလုံးစုံသွားခဲ့ပြီဖြစ်ပါတယ်။

အစ်ဝစ်ချ်အသင်းဟာ ပွဲစဉ်(၃၄)အပြီးမှာ ရမှတ်(၂၁)မှတ်သာရထားတာကြောင့် အဆင့်(၁၇)နေရာက ဝက်စ်ဟမ်းအသင်းရဲ့ရမှတ်(၃၆)မှတ်ကို လိုက်မမီနိုင်တော့တာကြောင့် တန်းဆင်းဖို့ သေချာခဲ့တာပါ။

အဆင့်(၂၀)မှာ ရမှတ်(၁၁)မှတ်သာရထားတဲ့ ဆောက်သမ်တန်၊ အဆင့်(၁၉)မှာ ရမှတ်(၁၈)မှတ်သာရထားတဲ့ လက်စတာအသင်းတို့လည်း စောစောစီးစီးတန်းဆင်းလက်မှတ်ရထားပြီး ပြီးခဲ့တဲ့ရာသီကုန်က လိဂ်ချန်ပီယံရှစ်က တန်းတက်လာတဲ့အသင်း(၃)သင်းစလုံး ရာသီကုန်မှာ တန်းပြန်ဆင်းရတဲ့ရာသီအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းရမယ့် အသင်း(၃)သင်းစလုံးရဲ့အမည်စာရင်းဟာ လက်ကျန်ပွဲ(၄)ပွဲကစားဖို့ ကျန်ရှိနေချိန်မှာ ထွက်ပေါ်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ တန်းဆင်းအသင်းတွေအားလုံး အစောဆုံးအဖြေထွက်တဲ့ရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီရာသီမှာ ဆောက်သမ်တန်အသင်းက ပွဲစဉ်(၃၁)အပြီးမှာ တန်းဆင်းလက်မှတ်ရခဲ့တာဖြစ်ပြီး၊ လက်စတာအသင်းက ပွဲစဉ်(၃၃)အပြီးမှာ တန်းဆင်းလက်မှတ်ရခဲ့တာပါ။ အခု အစ်ဝစ်ချ်အသင်းက ပွဲစဉ်(၃၄)အပြီးမှာပဲ တန်းဆင်းလက်မှတ်ရသွားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ အရင်က တန်းဆင်းဇုန်တိုက်ပွဲက ရာသီအဆုံးသတ်ပိုင်းမှာ ပြင်းထန်ခဲ့ပေမယ့် ဒီရာသီမှာတော့ တန်းဆင်းအသင်းတွေအနေနဲ့ အခြားအသင်းတွေနဲ့ ရမှတ်အလွန်ပြတ်သားခဲ့တာကြောင့် ပရိသတ်တွေအတွက် ရင်ခုန်စရာတန်းဆင်းတိုက်ပွဲကို တွေ့မြင်ရခြင်းမရှိတ​ော့ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကိုသာ ဆက်လက်ရင်ခုန်ရမှာဖြစ်ပါတယ်။

Read more

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

မန်စီးတီးအသင်းကြယ်ပွင့်နဲ့ Ballon d'Or ဆုရှင် ရိုဒရီဟာ ဒူး(ACL)ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ အသင်းနဲ့ လေ့ကျင့်ခန်းပြ

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

မန်ယူနိုက်တက်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမား အာမတ်နဲ့ နယ်သာလန်နောက်ခံလူ ဒီလစ်တို့ဟာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

စပါး - Bodo/Glimt (ယူရိုပါလိဂ်ဆီမီးဖိုင်နယ်) (2 May 2025/ 1:30 am) စပါးက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေဆိုးနေပြီး နောက်ဆုံး(၈)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရပေ

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

မနေ့က ကစားခဲ့တဲ့ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲ(WSL-Women's Super League) ပွဲစဉ်(၂၀)မှာ မန်ယူနိုက်တက်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ(၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးအမျိုးသမီ