တရုတ်နိုင်ငံက အမှာစာအသစ်တွေ လက်ခံခြင်းရပ်တန့်ထားတဲ့ Tesla

အမေရိကန်နဲ့တရုတ်တို့အကြား အခွန်နဲ့ပတ်သက်ပြီး အပြန်အလှန် အတည်ပြုချက်တွေထွက်လာတဲ့အချိန်မှာ Tesal ကနေ ဒီသတင်းကို ကြေညာလိုက်တာပါ။ Tesla ရဲ့ တရုတ် website နဲ့  WeChat Mini Program တွေမှာ Model S နဲ့ Model Y တွေ အသစ်မှာယူခြင်းကို ရပ်ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။ 

Tesla ဘက်ကတော့ ဒီသတင်းအတွက် အကြောင်းအရင်းကို တိတိကျကျဖော်ပြထားခြင်းတော့မရှိသေးပါဘူး။ သေချာတာတော့ Elon Musk တစ်ယောက် Trump နဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်တယ်ဆိုပြီး ကောက်ချက်ချနေကြပါတယ်။ 

Tesla အနေနဲ့ မနှစ်ကတည်းက တရုတ်ကို Tesla ကားတွေတင်သွင်းမှုက အရေအတွက် 3000 လောက်သာရှိခဲ့တာပါ။ BYD ရောင်းအားတိုးလာတာနဲ့ တစ်ဖက်မှာ Tesla ရောင်းအားတဖြည်းဖြည်းကျဆင်းလာတဲ့အပေါ်မူတည်ပြီး တရုတ်နိုင်ငံတွင်း Tesla ကားတင်သွင်းမှုက ဒီ့ထက်ပိုပြီးလျော့သွားဖို့ အလားအလာဖြစ်နေပါတယ်။ 

Trump ရဲ့ အခွန်တိုးမြင့်သွားမယ့် အစီအစဉ်ကြေညာပြီးနောက်မှာ တရုတ်အစိုးရဘက်ကလည်း အမေရိကန်ထုတ်ကုန်တွေအပေါ်  အခွန် 84% ပေးဆောင်ဖို့ ပြန်လည်ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။ နှစ်နိုင်ငံကြား အခွန်ပြဿနာတွေနဲ့အတူ လျှပ်စစ်ကားအပြိုင်အဆိုင်တွေကြားထဲ Tesla ဘယ်လိုမျိုးရှေ့ဆက်သွားမလဲဆိုတာကတော့ ….